အဖေမေတို့ နဲ့ 
တသက်တာဝေး..။
ငါတို့ မောင်နှမနှစ်ယောက်လဲ
တမြေဆီဝေး
ညီမလေး”မိအေး”..
အစ်ကိုကြီးစာရေး လိုက်တယ်။
ကိုယ့်တက်နဲ့ ကိုယ်
လှော်ခတ်နေရတဲ့ ငါ့ညီမ
မင်းဟာဘ၀ကျောင်းသူတယောက်။
ငါ့ညီမ
မင်းရဲ့ ဘ၀လွယ်အိတ်ထဲ
မာနစာအုပ်ထူထူကြီးလဲ
လွယ်ထည့်မထားပါနဲ့ ။
အတ္တနက်နက်ခဲတံကြီးနဲ့ 
ဘ၀ကောက်ကြောင်းတွေလဲ
မဲမဲညစ်ညစ် မရေးခြစ်လေနဲ့ ကွယ်။
အမြင်နဲ့ အမြင့် ဟာ
အစက်ကလေးတစက်ပဲကွာတယ်
ညီမလေးရေ့...။
အလင်းနဲ့ အမှောင်ဟာ
လက်ဖျောက်တချက်တီးပဲ
ညီမလေး..ရဲ့။
အသက်ရှုပေါက်ဆိုတာ
မျက်နာမပြရဲသူတွေမှာလည်းရှိကြတာပဲကွ။
ညီမလေး
အပါးလွှာဆုံးစက္ကူလေးဟာလဲ
သစ်သားလေးပါပဲကွယ်။
ညီမလေးရေ
ကျီကန်းတိုင်းဟာလဲ
မမဲ(မည်း)ကြဖူးကွဲ့ ။
ဒါးပြတ်တာ အနာမဟုတ်ဖူးဆိုတာ
ငါ့ညီမလေးကို မပြောသေးပါဘူးကွယ်။
ညီမလေးရေ
စာကြောရှည်နေလိမ့်မယ်။
ပြောင်းလွဲခြင်းတခုတည်း
တည်မြဲတဲ့လောက
မြင်မြင်သမျှ
ကမ္ဘာကြီးရဲ့ အပိုင်းအစ
ပြောင်းလဲပျက်စီးကြလဲ
ငါဟာ မြဲတယ်လို့ 
ငါ့ညီမဘယ်လိုယူဆမလဲကွယ်။
အတုံ့ အလှည့်ယဉ်ကျေးမှုကြား
ငါ့ညီမ
သတိထားပါကွယ်။
ကြက်သွန်ခွံပါးပါးလေးခြား
အမှန်နဲ့ အမှား
ဓမ္မဒါး သွေးမထားရင်
ပညတ်တံတားပေါ်
ယောင်ရမ်းအော်ရင်း
အခြေမတော်ချော်ပြီး
ဂျောက်ကြီးအတွင်းလဲ ကျနိုင်ရဲ့ ကွယ်။
အတ္တဟိတိ အတ္တနော နာထော
ဒီသဘောကိုလဲ
ငါ့ညီမရင်ထဲ
အပြီးတိုင်သော့ခတ်သိမ်းဆည်းထားပေတော့ကွယ်။
ကဲ..ညီမလေးရေ့ ....
သင်္ခါရ အတုံ့ အလှည့်နဲ့ 
ဒီကမ္ဘာကြီးကိုနုတ်မဆက်ကြသေးခင်
ငါ့တို့ မောင်နှမ
ပြန်ဆုံကြချင်သေးတယ်ကွယ်။
ချစ်ရသောတဦးတည်းညီမလေးသို့ 
ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ်တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။
Sunday, August 29, 2010
Sunday, August 15, 2010
ခရီးသည်ကြီး ရေကူ:နေသည်
အ၀ိဇ္ဇာဆိုတာနဲ့ 
တဏှာပေါင်းဖက်ပြီး
ကျုပ်ကို ပင်လယ်တခုထဲ
ကန်ချခဲ့ကြ။
မဏိမေခလာ
သူလာမကယ်ဘူး
ကူးခတ်နေရတာက နေ့ စဉ်ရက်ဆက်။
မင်းဧကရာဇ် မဖြစ်ချင်ပေမဲ့
ဒီရေ
ဒီလေ
ဒီလှိုင်း
ဒီငါး ငါးမန်းဆိုး
ဒီငါး ငါးမန်းဆိုး
ဒီလှိုင်း
ဒီလေ
ဒီရေ
ကူးခတ်နေဆဲ။
အတ္တဟိတိ အတ္တနော နာထော ဆိုတော့
......................................................။
တဏှာပေါင်းဖက်ပြီး
ကျုပ်ကို ပင်လယ်တခုထဲ
ကန်ချခဲ့ကြ။
မဏိမေခလာ
သူလာမကယ်ဘူး
ကူးခတ်နေရတာက နေ့ စဉ်ရက်ဆက်။
မင်းဧကရာဇ် မဖြစ်ချင်ပေမဲ့
ဒီရေ
ဒီလေ
ဒီလှိုင်း
ဒီငါး ငါးမန်းဆိုး
ဒီငါး ငါးမန်းဆိုး
ဒီလှိုင်း
ဒီလေ
ဒီရေ
ကူးခတ်နေဆဲ။
အတ္တဟိတိ အတ္တနော နာထော ဆိုတော့
......................................................။
Sunday, August 1, 2010
ကဗျာမဆန်သော ဇာတ်လမ်းတပုဒ်
ကျုပ်ဆိုတဲ့
ကျုပ်ဟာ
ဒီကမ္ဘာကြီးရဲ့  အပိုင်းတစ
ကျုပ်ဘာမှရေရေရာရာ
မသေချာသေးတဲ့အချိန်
ကျုပ်ကိုထုဆစ်ခဲ့တဲ့
မေတ္တာရှင်နေမင်းကြီးက
နဲနဲလေး အလင်းဖြာခဲ့ဖူးရဲ့ 
ဒါ တထောင့်ကိုးရာခြောက်ဆယ့်နှစ်ကပါ။
လင်းကြက်အော်သံ
ကျုပ်ဘ၀ထဲ မသဲကွဲသေးတဲ့အချိန်
ဗြမ္မာစိုရ်တရားတွေ
ပြည့်လျှံနေတဲ့
နွေးနွေးထွေးထွေးလေး
အလင်းဖြာပေးတတ်တဲ့
လပြည့်ဝန်းကြီး
ရေတိမ်နစ်ခဲ့
ဒါ တထောင့်ကိုးရာခုနှစ်ဆယ့်လေး ကပါ။
ဒီလိုနဲ့ ပဲ
လှမ်းလျှောက်တတ်တဲ့
ခြေနှစ်ချောင်း
ကျန်ခန္ဓာဗေဒတွေကို
အတ္တဟိတိ အတ္တနော နာဌောနဲ့ 
ခုံခုံမင်မင်
ရင်းရင်းနီးနီး
တွယ်တာပေါင်းဖက်ပြီး
ဤခရီးမနီးပေမဲ့
ရမ်သမ်ဆန်တဲ့
”ဘ”ကုံးနဲ့ ”၀”လုံးပေါင်းဖွဲ့ မှုကို
ပဉ္စလက်မာယာများတဲ့
လက်ဝှေ့ ကျော်ရှစ်ဖေါ်နဲ့ 
ကျွမ်းကျွမ်းဝင်ဝင်ထိုးသတ်ရင်း
တက်ဆင်း နိမ့်မြင့်
ကွေ့ ကောက် ငိုရီ(ရည်)
ထို.အထိုထိုတွေကို
ရေလောင်းပေါင်းသင်
ရောင်စင်တွေကိုမြင်တတ်အောင်
ပြုစုခဲ့ရ
ဒါ ကျုပ်ဘ၀ပေါ့။
အဲဒီဘ၀လေးကို
လက်ကျန် ဧကရာဇ်နဲ့ 
နောက်လိုက်အကြွေကောက်သူတွေက
”အိုက်ခမန်း”လိုတခါ
ချက်တီး”လိုတလည့်
ကျုပ်တို့ ရွာ
ကျုပ်တို့ ဘ၀ကို
လည့်လည်ထွန်ရေးညှက်လိုက်ကြတာ
ပြားပြားကိုချပ်
ဖွတ်ဖွတ်ကိုကြေလို့ ။
ကျုပ်ဟာ
ဒီကမ္ဘာကြီးရဲ့  အပိုင်းတစ
ကျုပ်ဘာမှရေရေရာရာ
မသေချာသေးတဲ့အချိန်
ကျုပ်ကိုထုဆစ်ခဲ့တဲ့
မေတ္တာရှင်နေမင်းကြီးက
နဲနဲလေး အလင်းဖြာခဲ့ဖူးရဲ့ 
ဒါ တထောင့်ကိုးရာခြောက်ဆယ့်နှစ်ကပါ။
လင်းကြက်အော်သံ
ကျုပ်ဘ၀ထဲ မသဲကွဲသေးတဲ့အချိန်
ဗြမ္မာစိုရ်တရားတွေ
ပြည့်လျှံနေတဲ့
နွေးနွေးထွေးထွေးလေး
အလင်းဖြာပေးတတ်တဲ့
လပြည့်ဝန်းကြီး
ရေတိမ်နစ်ခဲ့
ဒါ တထောင့်ကိုးရာခုနှစ်ဆယ့်လေး ကပါ။
ဒီလိုနဲ့ ပဲ
လှမ်းလျှောက်တတ်တဲ့
ခြေနှစ်ချောင်း
ကျန်ခန္ဓာဗေဒတွေကို
အတ္တဟိတိ အတ္တနော နာဌောနဲ့ 
ခုံခုံမင်မင်
ရင်းရင်းနီးနီး
တွယ်တာပေါင်းဖက်ပြီး
ဤခရီးမနီးပေမဲ့
ရမ်သမ်ဆန်တဲ့
”ဘ”ကုံးနဲ့ ”၀”လုံးပေါင်းဖွဲ့ မှုကို
ပဉ္စလက်မာယာများတဲ့
လက်ဝှေ့ ကျော်ရှစ်ဖေါ်နဲ့ 
ကျွမ်းကျွမ်းဝင်ဝင်ထိုးသတ်ရင်း
တက်ဆင်း နိမ့်မြင့်
ကွေ့ ကောက် ငိုရီ(ရည်)
ထို.အထိုထိုတွေကို
ရေလောင်းပေါင်းသင်
ရောင်စင်တွေကိုမြင်တတ်အောင်
ပြုစုခဲ့ရ
ဒါ ကျုပ်ဘ၀ပေါ့။
အဲဒီဘ၀လေးကို
လက်ကျန် ဧကရာဇ်နဲ့ 
နောက်လိုက်အကြွေကောက်သူတွေက
”အိုက်ခမန်း”လိုတခါ
ချက်တီး”လိုတလည့်
ကျုပ်တို့ ရွာ
ကျုပ်တို့ ဘ၀ကို
လည့်လည်ထွန်ရေးညှက်လိုက်ကြတာ
ပြားပြားကိုချပ်
ဖွတ်ဖွတ်ကိုကြေလို့ ။
Friday, July 16, 2010
ညမွှေးပန်း
တစ္ဆေရဲ့  ကမ္ဘာတခုပမာ
ညအခါမှာထိန်ထိန်သာတဲ့
မေတ္တာမပါတဲ့အချစ်ပွဲတွေ-နွဲ
ပန်းခင်းကြီးက
စည်ပဲစည်ကားလွန်တယ်။
ပန်းခင်းရဲ့ သခင်
သူ့ အသွင်က
ကြွေတောမယ့် နှင်းဆီ
ပွင့်ချပ်ပမာ
သူ့ နုတ်ခမ်းလွှာ
လိုတာထက်ပိုနေပေါ့။
လင်းလက်နေတဲ့
ဘောဂဗေဒရောင် မျက်လုံး
လာလာသမျှပိတုန်းတွေကို
ကြောင်လက်သဲကြားက
ကြွက်ကလေးကိုကစားသလို
ကျွမ်းကျင်မှုတွေက ပါရဂူမြောက်လိုက်တာ
ဟိရိသြတ္တပ္ပတွေက ဗလာ။
ရောင်စုံပန်းပွင့်များစွာ
ဖေါ်ရွေသူ
ကြောက်ရွံ့ သူ
အလို မတူသူ
အလိုတူသူ
ဘယ်လိုပင်
အလိုတူတူ-မတူတူ
မနက်ဖြန်အူစိုဖို့ 
တညတာဖြေဖျော်လို့ 
မြန်ပြည်ရဲ့ 
တိုးတက်တဲ့ အနိမ့်ခန်း
ညမှာ ပွင့်တဲ့ပန်းလေးတွေ။
သူတို့ သမီးများ
ပန်းတံတားပေါ်မှာ
လိုအပ်တာအကုန်ရ
ပြည့်စုံကြွယ်ဝ
အဲဒီဘ၀ ရထားကြရင်
ညဥ့်ငှက်
ဘယ့်အတွက်ဖြစ်ရပါ့မလဲ။ ။
ညအခါမှာထိန်ထိန်သာတဲ့
မေတ္တာမပါတဲ့အချစ်ပွဲတွေ-နွဲ
ပန်းခင်းကြီးက
စည်ပဲစည်ကားလွန်တယ်။
ပန်းခင်းရဲ့ သခင်
သူ့ အသွင်က
ကြွေတောမယ့် နှင်းဆီ
ပွင့်ချပ်ပမာ
သူ့ နုတ်ခမ်းလွှာ
လိုတာထက်ပိုနေပေါ့။
လင်းလက်နေတဲ့
ဘောဂဗေဒရောင် မျက်လုံး
လာလာသမျှပိတုန်းတွေကို
ကြောင်လက်သဲကြားက
ကြွက်ကလေးကိုကစားသလို
ကျွမ်းကျင်မှုတွေက ပါရဂူမြောက်လိုက်တာ
ဟိရိသြတ္တပ္ပတွေက ဗလာ။
ရောင်စုံပန်းပွင့်များစွာ
ဖေါ်ရွေသူ
ကြောက်ရွံ့ သူ
အလို မတူသူ
အလိုတူသူ
ဘယ်လိုပင်
အလိုတူတူ-မတူတူ
မနက်ဖြန်အူစိုဖို့ 
တညတာဖြေဖျော်လို့ 
မြန်ပြည်ရဲ့ 
တိုးတက်တဲ့ အနိမ့်ခန်း
ညမှာ ပွင့်တဲ့ပန်းလေးတွေ။
သူတို့ သမီးများ
ပန်းတံတားပေါ်မှာ
လိုအပ်တာအကုန်ရ
ပြည့်စုံကြွယ်ဝ
အဲဒီဘ၀ ရထားကြရင်
ညဥ့်ငှက်
ဘယ့်အတွက်ဖြစ်ရပါ့မလဲ။ ။
Monday, July 5, 2010
သစ်ပင်တပင်ရဲ့ အထ္ထုပ္ပတ္တိ
ဒီအပင်ပေါ်မှာ နားနေ
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။
ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။
ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။
Sunday, June 20, 2010
အငွေ့ ပျံသောက
Sunday, June 6, 2010
မိသံစဉ်
တွန်သံချိုတဲ့
ကြိုးကြာတကောင်လို
လှလှပပကြွကြွရွရွ
ကဗျာတမျှပြောဆိုတတ်တဲ့
မိသံစဉ်။
မင်းရဲ့ သာယာနူးညံ့မှု
သံသာကြောမှာ
မျောပါသွားရင်း
ရွက်မဲ့တက်ကျိုးသွားလည်း
လက်ထိုးလှော်ဖို့ 
မကြိုးစားချင်ဘူးကွယ်
ရင်နဲ့ မှကြားရတဲ့
မင်းဆီက ကဗျာသံစဉ်တွေ
ဆိတ်သုန်းပျောက်ကွယ်သွားမှာစိုးလို့ ။
မင်းကိုအပြစ်မမြင်ဘူးမိသံစဉ်
ငါ့အသဲပြင်မှာ
ထီးတင်နန်းဆောက်
ဘုရင်မတယောက်လို
ငါ့နှလုံးသားကို
အုပ်ချုပ်မင်းမူလိုက်စမ်း
ဝပ်တွားနာခံဖို့ အသင့်ပါ။
ငါ တွေ့ လိုက်တယ်မိသံစဉ်
အရောင်သွေးစုံလှလှပပနဲ့ 
လွမ်းတေးရှင်ရွှေဥသြ
ဘာမပြောညာမပြော
သ၀န်တိုတဲ့သဘောနဲ့ 
ခပ်သောသောလေး
အဝေးဆုံးကို အားသွန်ပျံထွက်သွားတယ်
ပျံပါစေလေ
သူက ဥသြ...ဥသြ...
သံချိုတွန်တာကလွဲလို့ 
မင်းလောက်မှ သံစဉ်မထွင်နိုင်တာ။
ငါတွေ့ လိုက်သေးတယ် မိသံစဉ်
ရောင်စဉ်လှလှ
ခေါင်း(ဂေါင်း)ငြိမ့်ပြတတ်တဲ့
အရောင်ပြောင်းထိုထို
ကိုရွှေပုတ်သင်ညို
မင်းကိုသ၀န်တို
မလိုလို့ ထင်ရဲ့ 
သာဘာဝရဲ့ ဆန့် ကျင်ဘက်
ခေါင်းခါပြပြီးထွက်သွားလေရဲ့ 
သွားပါစေလေ
သူက ဟုတ်ကဲ့..ဟုတ်ကဲ့...
ခေါင်းငြိမ့်တဲ့အကျင့်ကလွဲလို့ 
မင်းလောက်မှ
အရောင်ပြောင်း၊ ခေါင်းငြိမ့် ခေါင်းခါ
မကျွမ်းကျင်တာ။
မိသံစဉ်
အနီရောင်ဟာ
ရဲရင့်ခြင်း ပြတ်သားခြင်းတဲ့
မင်းဆီက ယိုစီးဖိတ်ကျလာမယ့်
လမ်းခွဲရေး
အနီရောင်တွေတော့
ငါ့ရင်ပြင် နှလုံးသားပေါ်
နဲနဲလေးမှ
လမ်းချော်ပြီး ဖိတ်စဉ်ကျမလာဖို့ 
မက်မက်မောမောနဲ့ 
ဘုရားသခင်များထံ
ဆုတောင်းမိတာစက္ကန့် အမျှပါပဲ။
တကယ်ပါမိသံစဉ်
မင်းက မီးလျှံဆို
ငါက ဖိုးဖလံ
ဒါပေမဲ့
ကုမုဒြာကြာပန်းအသွင်
မင်းအတွက်တော့
ငါက လရောင်ပဲဖြစ်လိုက်မှာပါ။
ကြိုးကြာတကောင်လို
လှလှပပကြွကြွရွရွ
ကဗျာတမျှပြောဆိုတတ်တဲ့
မိသံစဉ်။
မင်းရဲ့ သာယာနူးညံ့မှု
သံသာကြောမှာ
မျောပါသွားရင်း
ရွက်မဲ့တက်ကျိုးသွားလည်း
လက်ထိုးလှော်ဖို့ 
မကြိုးစားချင်ဘူးကွယ်
ရင်နဲ့ မှကြားရတဲ့
မင်းဆီက ကဗျာသံစဉ်တွေ
ဆိတ်သုန်းပျောက်ကွယ်သွားမှာစိုးလို့ ။
မင်းကိုအပြစ်မမြင်ဘူးမိသံစဉ်
ငါ့အသဲပြင်မှာ
ထီးတင်နန်းဆောက်
ဘုရင်မတယောက်လို
ငါ့နှလုံးသားကို
အုပ်ချုပ်မင်းမူလိုက်စမ်း
ဝပ်တွားနာခံဖို့ အသင့်ပါ။
ငါ တွေ့ လိုက်တယ်မိသံစဉ်
အရောင်သွေးစုံလှလှပပနဲ့ 
လွမ်းတေးရှင်ရွှေဥသြ
ဘာမပြောညာမပြော
သ၀န်တိုတဲ့သဘောနဲ့ 
ခပ်သောသောလေး
အဝေးဆုံးကို အားသွန်ပျံထွက်သွားတယ်
ပျံပါစေလေ
သူက ဥသြ...ဥသြ...
သံချိုတွန်တာကလွဲလို့ 
မင်းလောက်မှ သံစဉ်မထွင်နိုင်တာ။
ငါတွေ့ လိုက်သေးတယ် မိသံစဉ်
ရောင်စဉ်လှလှ
ခေါင်း(ဂေါင်း)ငြိမ့်ပြတတ်တဲ့
အရောင်ပြောင်းထိုထို
ကိုရွှေပုတ်သင်ညို
မင်းကိုသ၀န်တို
မလိုလို့ ထင်ရဲ့ 
သာဘာဝရဲ့ ဆန့် ကျင်ဘက်
ခေါင်းခါပြပြီးထွက်သွားလေရဲ့ 
သွားပါစေလေ
သူက ဟုတ်ကဲ့..ဟုတ်ကဲ့...
ခေါင်းငြိမ့်တဲ့အကျင့်ကလွဲလို့ 
မင်းလောက်မှ
အရောင်ပြောင်း၊ ခေါင်းငြိမ့် ခေါင်းခါ
မကျွမ်းကျင်တာ။
မိသံစဉ်
အနီရောင်ဟာ
ရဲရင့်ခြင်း ပြတ်သားခြင်းတဲ့
မင်းဆီက ယိုစီးဖိတ်ကျလာမယ့်
လမ်းခွဲရေး
အနီရောင်တွေတော့
ငါ့ရင်ပြင် နှလုံးသားပေါ်
နဲနဲလေးမှ
လမ်းချော်ပြီး ဖိတ်စဉ်ကျမလာဖို့ 
မက်မက်မောမောနဲ့ 
ဘုရားသခင်များထံ
ဆုတောင်းမိတာစက္ကန့် အမျှပါပဲ။
တကယ်ပါမိသံစဉ်
မင်းက မီးလျှံဆို
ငါက ဖိုးဖလံ
ဒါပေမဲ့
ကုမုဒြာကြာပန်းအသွင်
မင်းအတွက်တော့
ငါက လရောင်ပဲဖြစ်လိုက်မှာပါ။
Subscribe to:
Posts (Atom)
