တစ္ဆေရဲ့  ကမ္ဘာတခုပမာ
ညအခါမှာထိန်ထိန်သာတဲ့
မေတ္တာမပါတဲ့အချစ်ပွဲတွေ-နွဲ
ပန်းခင်းကြီးက
စည်ပဲစည်ကားလွန်တယ်။
ပန်းခင်းရဲ့ သခင်
သူ့ အသွင်က
ကြွေတောမယ့် နှင်းဆီ
ပွင့်ချပ်ပမာ
သူ့ နုတ်ခမ်းလွှာ
လိုတာထက်ပိုနေပေါ့။
လင်းလက်နေတဲ့
ဘောဂဗေဒရောင် မျက်လုံး
လာလာသမျှပိတုန်းတွေကို
ကြောင်လက်သဲကြားက
ကြွက်ကလေးကိုကစားသလို
ကျွမ်းကျင်မှုတွေက ပါရဂူမြောက်လိုက်တာ
ဟိရိသြတ္တပ္ပတွေက ဗလာ။
ရောင်စုံပန်းပွင့်များစွာ
ဖေါ်ရွေသူ
ကြောက်ရွံ့ သူ
အလို မတူသူ
အလိုတူသူ
ဘယ်လိုပင်
အလိုတူတူ-မတူတူ
မနက်ဖြန်အူစိုဖို့ 
တညတာဖြေဖျော်လို့ 
မြန်ပြည်ရဲ့ 
တိုးတက်တဲ့ အနိမ့်ခန်း
ညမှာ ပွင့်တဲ့ပန်းလေးတွေ။
သူတို့ သမီးများ
ပန်းတံတားပေါ်မှာ
လိုအပ်တာအကုန်ရ
ပြည့်စုံကြွယ်ဝ
အဲဒီဘ၀ ရထားကြရင်
ညဥ့်ငှက်
ဘယ့်အတွက်ဖြစ်ရပါ့မလဲ။ ။
ကဗျာ ခံစားဖတ်သွားပါတယ်
ReplyDeleteခရီးသည်ကြီးရေ
ReplyDeleteအနိမ့်ခံပန်းလေးတွေ ???????????
ဘယ်သူ တရားခံလဲ ??????????????
ဲမြန်မာမ လေးတွေဟာ ဝါသနာ ပါလို့ မဟုတ်ကြပါဘူး
ကဗျာလေးကို ဖတ်သွားပါသည် ...
ReplyDelete