Monday, July 5, 2010

သစ်ပင်တပင်ရဲ့ အထ္ထုပ္ပတ္တိ

ဒီအပင်ပေါ်မှာ နားနေ
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။

ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။

3 comments:

  1. ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
    ဒီအပင်ကြီးကိုတော့
    ကိုယ်ချင်းစာမိပါတယ်။

    တွေးသွားပါတယ်

    ReplyDelete
  2. ဒီနေရာကို
    ဒီ က အပြေးအလွှား လာပြီး
    ဒီကဗျာကို
    ဒီလို ဖတ်သွားတယ်
    ဒီက ခရီးသည်ကြီးရေ

    ReplyDelete
  3. သစ်ပင်ရဲ့ အတ္ထုပတ္တိကို ဖွင့်ထားတာ မိုက်တယ် ..

    ReplyDelete