Sunday, June 20, 2010

အငွေ့ ပျံသောက

ငါ
မငိုပါဘူး
ရွှဲစိုလို့ 
တွဲခိုကျလာတာ
ခါးသီးမှုဝေဒနာတွေ
ပူပြင်းတဲ့
Photobucket

နှလုံးသားဓါတ်ပေါင်းဖိုပေါ်က
အငွေ့ ပျံသောကရဲ့ 
ကိုယ်စားပြုရေကြည်တွေပါ
ဒါကို
ငိုခြင်းရဲ့သင်္ကေတ
မျက်ရည်လို့ ခေါ်ကြတာလား။

2 comments:

  1. ပုံနဲ့ကဗျာက အတော်မိုက်တယ်

    ReplyDelete
  2. အငွေ့ပျံသောကတဲ့လား

    ReplyDelete