Sunday, August 1, 2010

ကဗျာမဆန်သော ဇာတ်လမ်းတပုဒ်

ကျုပ်ဆိုတဲ့
ကျုပ်ဟာ
ဒီကမ္ဘာကြီးရဲ့  အပိုင်းတစ
ကျုပ်ဘာမှရေရေရာရာ
မသေချာသေးတဲ့အချိန်
ကျုပ်ကိုထုဆစ်ခဲ့တဲ့
မေတ္တာရှင်နေမင်းကြီးက
နဲနဲလေး အလင်းဖြာခဲ့ဖူးရဲ့ 
ဒါ တထောင့်ကိုးရာခြောက်ဆယ့်နှစ်ကပါ။

လင်းကြက်အော်သံ
ကျုပ်ဘ၀ထဲ မသဲကွဲသေးတဲ့အချိန်
ဗြမ္မာစိုရ်တရားတွေ
ပြည့်လျှံနေတဲ့
နွေးနွေးထွေးထွေးလေး
အလင်းဖြာပေးတတ်တဲ့
လပြည့်ဝန်းကြီး
ရေတိမ်နစ်ခဲ့
ဒါ တထောင့်ကိုးရာခုနှစ်ဆယ့်လေး ကပါ။

ဒီလိုနဲ့ ပဲ
လှမ်းလျှောက်တတ်တဲ့
ခြေနှစ်ချောင်း
ကျန်ခန္ဓာဗေဒတွေကို
အတ္တဟိတိ အတ္တနော နာဌောနဲ့ 
ခုံခုံမင်မင်
ရင်းရင်းနီးနီး
တွယ်တာပေါင်းဖက်ပြီး
ဤခရီးမနီးပေမဲ့
ရမ်သမ်ဆန်တဲ့
”ဘ”ကုံးနဲ့ ”၀”လုံးပေါင်းဖွဲ့ မှုကို
ပဉ္စလက်မာယာများတဲ့
လက်ဝှေ့ ကျော်ရှစ်ဖေါ်နဲ့ 
ကျွမ်းကျွမ်းဝင်ဝင်ထိုးသတ်ရင်း
တက်ဆင်း နိမ့်မြင့်
ကွေ့ ကောက် ငိုရီ(ရည်)
ထို.အထိုထိုတွေကို
ရေလောင်းပေါင်းသင်
ရောင်စင်တွေကိုမြင်တတ်အောင်
ပြုစုခဲ့ရ
ဒါ ကျုပ်ဘ၀ပေါ့။

အဲဒီဘ၀လေးကို
လက်ကျန် ဧကရာဇ်နဲ့ 
နောက်လိုက်အကြွေကောက်သူတွေက
”အိုက်ခမန်း”လိုတခါ
ချက်တီး”လိုတလည့်
ကျုပ်တို့ ရွာ
ကျုပ်တို့ ဘ၀ကို
လည့်လည်ထွန်ရေးညှက်လိုက်ကြတာ
ပြားပြားကိုချပ်
ဖွတ်ဖွတ်ကိုကြေလို့ ။

1 comment:

  1. ခရီးသည်ကြီးရေ
    တွေးသွားတယ်

    ReplyDelete