အဖေမေတို့ နဲ့ 
တသက်တာဝေး..။
ငါတို့ မောင်နှမနှစ်ယောက်လဲ
တမြေဆီဝေး
ညီမလေး”မိအေး”..
အစ်ကိုကြီးစာရေး လိုက်တယ်။
ကိုယ့်တက်နဲ့ ကိုယ်
လှော်ခတ်နေရတဲ့ ငါ့ညီမ
မင်းဟာဘ၀ကျောင်းသူတယောက်။
ငါ့ညီမ
မင်းရဲ့ ဘ၀လွယ်အိတ်ထဲ
မာနစာအုပ်ထူထူကြီးလဲ
လွယ်ထည့်မထားပါနဲ့ ။
အတ္တနက်နက်ခဲတံကြီးနဲ့ 
ဘ၀ကောက်ကြောင်းတွေလဲ
မဲမဲညစ်ညစ် မရေးခြစ်လေနဲ့ ကွယ်။
အမြင်နဲ့ အမြင့် ဟာ
အစက်ကလေးတစက်ပဲကွာတယ်
ညီမလေးရေ့...။
အလင်းနဲ့ အမှောင်ဟာ
လက်ဖျောက်တချက်တီးပဲ
ညီမလေး..ရဲ့။
အသက်ရှုပေါက်ဆိုတာ
မျက်နာမပြရဲသူတွေမှာလည်းရှိကြတာပဲကွ။
ညီမလေး
အပါးလွှာဆုံးစက္ကူလေးဟာလဲ
သစ်သားလေးပါပဲကွယ်။
ညီမလေးရေ
ကျီကန်းတိုင်းဟာလဲ
မမဲ(မည်း)ကြဖူးကွဲ့ ။
ဒါးပြတ်တာ အနာမဟုတ်ဖူးဆိုတာ
ငါ့ညီမလေးကို မပြောသေးပါဘူးကွယ်။
ညီမလေးရေ
စာကြောရှည်နေလိမ့်မယ်။
ပြောင်းလွဲခြင်းတခုတည်း
တည်မြဲတဲ့လောက
မြင်မြင်သမျှ
ကမ္ဘာကြီးရဲ့ အပိုင်းအစ
ပြောင်းလဲပျက်စီးကြလဲ
ငါဟာ မြဲတယ်လို့ 
ငါ့ညီမဘယ်လိုယူဆမလဲကွယ်။
အတုံ့ အလှည့်ယဉ်ကျေးမှုကြား
ငါ့ညီမ
သတိထားပါကွယ်။
ကြက်သွန်ခွံပါးပါးလေးခြား
အမှန်နဲ့ အမှား
ဓမ္မဒါး သွေးမထားရင်
ပညတ်တံတားပေါ်
ယောင်ရမ်းအော်ရင်း
အခြေမတော်ချော်ပြီး
ဂျောက်ကြီးအတွင်းလဲ ကျနိုင်ရဲ့ ကွယ်။
အတ္တဟိတိ အတ္တနော နာထော
ဒီသဘောကိုလဲ
ငါ့ညီမရင်ထဲ
အပြီးတိုင်သော့ခတ်သိမ်းဆည်းထားပေတော့ကွယ်။
ကဲ..ညီမလေးရေ့ ....
သင်္ခါရ အတုံ့ အလှည့်နဲ့ 
ဒီကမ္ဘာကြီးကိုနုတ်မဆက်ကြသေးခင်
ငါ့တို့ မောင်နှမ
ပြန်ဆုံကြချင်သေးတယ်ကွယ်။
ချစ်ရသောတဦးတည်းညီမလေးသို့ 
ခရီးသည်ကြီး ရေ
ReplyDeleteနန်း တို့ ညီအစ်မတွေလည်း တနေရာဆီမှာ
ကဗျာ ဖတ်ရင်း ညီအစ်မတွေကို လွမ်းသွားတယ်
ဝေးကွာနေရတဲ့မောင်နှမတွေကိုလွမ်းသွားပြီ။။
ReplyDeleteပြန်ဆုံနိုင်မဲ့နေ့ကိုမျှော်လင့်ရင်းပေါ့..
ခင်မင်စွာ
သဒ္ဓါလှိုင်း