Sunday, December 19, 2010

ပိုးစုန်းကြူးရဲ့ သဲ့သဲ့ရီသံ

ကြည့်လိုက်စမ်း ခရေ...
ငါတို့ ရဲ့ 
ကမ္ဘာတခြမ်းအပေါ်
ကြည်လင်တဲ့အလင်းဓါတ်တွေ
ယုယစွာ”သာ”ချပေးနေတဲ့
ပြည့်လုဆဲဆဲ”လ”မင်းကြီးရဲ့ အောက်
တဖွဲဖွဲ တလွှင့်လွှင့်
နူးနူးညံ့ညံ့ ပျော့ပျောင်းပြေးဆော့ နေတဲ့
လေပြေလေးတွေနဲ့ အတူ
ပြေးလွှားပျော်ပါးရင်း
လောကရဲ့ အလှတရားကို
တတပ် တအားဖြည့်စွက်ဆေးချယ်ဖို့ 
ဖြူလွှလွှ နှင်းဖြူလေးတွေကြွေဝဲနေပုံများ
မင်းက ငါ့ဘ၀ကိုနားလည်ပေးသလို
ငါက မင်းဘ၀ကိုစစ်သူကြီးကိုယ်ရံတော်စောင့်ကြပ်သလို
ခွင့်လွှတ်ခြင်းကြီးကြီးနဲ့ 
ငါတို့ နှစ်ယောက်မေတ္တာတွေထားခဲ့ကြသလို
ငါတို့ ဘ၀တွေ
တွဲလက်ခိုင်ခိုင်မြဲမြံတာကို တုပနေကြသလိုလို
ဘယ်လို တုလို့ ရမလဲ ခရေ ရယ်..။

အရည်ပျော် အသွင်ပြောင်း
သတ္တိမှ မကောင်းကြပဲနဲ့ 
သူတို့ အဖြစ်
ပိုးစုန်းကြူးက
”လ”ပြည့်မင်းကိုယှင်ပ
စီး(ဆီး)စေ့လေးက
ခါကဘိုရာဇီ တောင်မင်းကို
ညာ ညှိသလိုမျိုးနဲ့ 
သဲ့သဲ့လေးရီ(ရယ်)လိုက်ချင်သေးရဲ့ ။

မှတ်မိလား ခရေ
ငါတို့ တွေက
ငွေနှင်းဖွေးဖွေးညတွေရဲ့ 
ရာသီသုံးဖော်နဲ့ အတူ
နိမ့်မြင့် ကောက်ကွေး
ငိုကြွေး ပြုံးပျော်
လောကဓံတရားတွေက
ဘယ်လိုခြောက်ခြောက်
တယောက်အပေါ်တယောက်
သစ္စာမဖောက်ကြေးနဲ့ 
ဖြစ် တည် ပျက် တွေကို
နှစ်ဆယ့်သုံးနှစ်များတောင်
တွဲယှက်တူထိုင် ကြည်ခဲ့ဖူးကြပြီးပြီလေ။ ။

No comments:

Post a Comment