Thursday, October 28, 2010

ငါမပိုင်တဲ့ မနက်ဖန်အတွက်

အူ ၀ဲ နဲ့ 
ပေါက်ကွဲငိုကြွေး
ငါ လူကလေးအဖြစ်
ကမ္ဘာမြေပေါ်ဆင်းသက်ခဲ့။

ဒီလိုနဲ့ 
အသက်ဆိုတာက
ရွေ့ လျှားခြင်းအချိန်တွေနဲ့ လက်တွဲ
မျဉ်းပြိုင်ပေါ် ကပွဲနွဲရင်း
တစက္ကန့် ခြင်း
တနှစ်ခြင်း
နှေးနှေးနဲ့ မြန်မြန်ပြေးလွှားရင်း
အင်း....ခုဆို
လေးဆယ့်နှစ် ၀ါတောင်ဆိုပြီးသွားပြီ။

ကျေနပ်စိတ်ပျက်စရာ
လောကမာယာတွေနဲ့ 
ပြေးတန်းလိုက်တန်း
မောမောပန်းပန်းလှုပ်ရှားရင်း
လူသားများကောင်းခြင်းအကျိုး
တထမ်းတပိုးတော့
လိုအပ်ချက်ကန်ရေပြင်ထဲ
ရေတစက်လိုလောင်းသွန်ပစ်ချခဲ့ဖူးရဲ့ ။

သြော်
သင်္ခါရနဲ့ ညားရင်း
တဖြေးဖြေးခြင်း
တိုတိုလိုက်ရတဲ့
ထွန်းညှိထားဆဲ
ဖရောင်းတတိုင်က
ငါ ကိုယ်တိုင်ဖြစ်နေရပေါ့။

ကံကြမ္မာနဲ့ 
အနိစ္စအတုံ့ အလှဲ့ 
ဒီ...
ငါချစ်တဲ့ ကမ္ဘာကြီးကို
နုတ်မဆက်ခင်
လောကကိုအလှဆင်
လောကုတ္တရာအတွက်
အထုပ်ပြင်ရင်းနဲ့ ပေါ့။

မသေချာတာက
နှစ်တရာ့ရှစ်ဆယ် အသက်ရှည်ခြင်း
သေချာတာက
အချိန်မရွေး
ဒီကမ္ဘာကြီးကထွက်ခွါသွားတတ်ရခြင်း
တင်းတင်းရင်းရင်း
အာရုံကိုသတိနဲ့ တွဲဖက်ချည်နောင်ထားရင်ပေါ့။

Tuesday, October 19, 2010

ကိုယ်ပျောက်-----နဲ့ သတ်ပုတ်ခြင်း

ဟိုနေ့ တုံးက
ကံကြမ္မာ ပတ်မကြီးတီးသံ
ငါ့ရင်ဘတ်နံရံကို
ကွဲလောက်အောင်ကြံရော့သလား။

သိလိုက်ပါပြီ
ကံကြမ္မာက
အဲမောင်း တီးပြီးမလာဘူး
လှံထမ်းလာသူကတော့
ငါ့ ကိုအနာတရဖြစ်စေ
ပြုစားလေရဲ့ ။

ကြေငြာချက် မထုတ်ပြန်တတ်တဲ့
အမိုက်အမဲ
လောကဓံကို တော်လှန်ဖို့ 
”ဘာမှမဟုတ်ဖူး”ဆိုတဲ့ပြဇာတ်
ကိုယ်တယောက်တည်း
မကတတ်ခဲ့လို့ ပါ
ကိုယ်ပဲ ဇာတ်ဆရာဆိုတော့
ဘယ်သူ့ ကိုများ
ဇီဇာချဲ့ အပြစ်ဖွဲ့ ရမလဲ။

ငါ့ နောက်ကျောက
ဓါးဒါဏ် ဗရပွဟာ
မိတ်ဆွေ အမှတ်မှားခဲ့လို့ ။

ခက်လိုက်တာက
ရှေ့ တည့်တည့်ကဓါး
စွတ်ပြေးဝင်လာတာတောင်
လေတိုးသံမကြားလိုက်ရဘူး
အ၀ိဇ္ဇာ ၀င်ပူးနေလို့ ထင်ပါရဲ့ ။

Sunday, October 10, 2010

သူငယ်ချင်း

သူငယ်ချင်း......
ကျီးကန်းဆိုတာကို အမဲနဲ့ တွဲမှတ်ထား
ဟိုရှေ့ ကားမဲက
ကျီးကန်းလို အား အားလဲမမြည်ဘူး။

သူငယ်ချင်း..ရေ....
ညကို အမှောင်နဲ့ တွဲမှတ်ထား
ခြောက်မျက်နာ အလုံပိတ်ထားတဲ့
အခန်းကျင်းကျင်းအတွင်း
နေ့ ခင်းဟာလဲငါ့အတွက်မှောင်တယ်။

သူငယ်ချင်း
ငါကိုက်စားခဲ့တဲ့ငြုပ်သီး
တရုတ်ကြီး
အဖြူ ကီး
ကုလားကြီး ရော
သူတို့ ပြောတယ်
...စပ်လိုက်တာတဲ့
ဂျူးဘားပြည်က
ထုတ်တဲ့ သကြား
ဘယ်သူစားစား
တ သဘောတရားတည်းချိုတယ်။

အင်း
သူငယ်ချင်းရေ
ငါဟာ မင်းမဟုတ်ဘူး
မင်းဟာလဲ ငါမဟုတ်ဘူး
ငါဟာလဲ ငါမဟုတ်ပြန်ဘူး။

သူငယ်ချင်းရေ..
ကျန်းမာခြင်းတွေ
မင်းနဲ့ လက်ပွန်းတသီးရှိပါစေ။

Thursday, October 7, 2010

နောက်ဆုံးစက္ကန့် မရောက်မှီ

နွေတနေ့ ရဲ့ တနံနက်
ကိုးနာရီသံ ချက်-ချက်
ငါ မှန်ကြည့်ဖြစ်လိုက်တယ်။

အမဲတ၀က်အဖြူရောယှက်
ငါ့ဦးခေါင်းထက်က ဆံပင်တွေဖြစ်နေပုံ။

သွားပွတ်တံကို လှမ်းအယူ
သွေးမပူလို့ လား
ဇရာငြူစူလို့ လား
ငါ့ ခါးကြားက ဂျောက်ကနဲမြည်
အဖြောင့်ပြန်ဆန့် လို့ မရတော့ပြီ။

စက္ကန့် အဆက် ဆက်
တချက်ချက်မြည်သံ
သေမင်းစေတမာန်ဖြစ်နေခဲ့။

မသေခင်စပ်ကြား
လူသားကမ္ဘာအတွက်
ဘာလုပ်ဖြစ်ပြီးပြီလဲ
ဘာလုပ်နေတာလဲ
ဘာလုပ်အုံမှာလဲ။

Sunday, September 19, 2010

ငါ့အသဲ ဟိုက်ထရိုဂျင်

အမြင့်နန်းပေါ်
သဇင် သစ်ခွ
ပိတောက် ငုဝါ
အမြင့်ပန်းမာလာတွေထဲက
ရိုးရိုးယဉ်ယဉ်
ယျဉ်ယျဉ်ရိုးရိုး
ငါ့ ရင်ကိုတိုးဝင်ထိုးဖေါက်
အသဲစိုင်ရောက်အောင်။

ခရေ.....
မြှားတိုတချောင်း
ထုတ်ခြင်းခတ်ထိုးဖေါက်သွားလဲ
မင်းအပေါ် ငါ့အတွယ်အတာ
အချစ်မြှားရှည်တချောင်းက
ငါ့ရင်ဘတ်ထဲ
ငြိတွယ်စွဲမြဲနေတုံးပဲ
မိခရေ.....။

ငါ့ရဲ့ 
လည်ချောင်းအချုပ်ထောင်ထဲ
မင်းကိုတွေ့ တဲ့နေ့ ကစ
တမ်းတမ်းတတ
နှစ်ရှည်လများအကျဉ်းကျနေတဲ့
စကားစုတွေ
ရင့်ကျင့်ထိုးဖေါက်
အချုပ်ထောင်အပြင်ရောက်တော့
ဘာသာဗေဒနဲ့ 
ရင်းနှီးပေါင်းဖက်
မင်းကိုချစ်တယ်ဆိုတဲ့အကြောင်း
တော်လဲ သံလို
မြည်ဟီးသွားပေါ့။

ထပ်ဆင့်
ထပ်ဆင့်
ထပ်ဆင့်မြည်ဟီးတဲ့ဒီအသံ
ကျောက်သားနံရံ ကွဲကြေလောက်လဲ
ထူးကဲနေတာက
သတ္တ၀ါ ဘယ်ကစ
အဖြေရှာမရတဲ့ပုစ္ဆာထက်
မင်းဆီမှာ မီးစိမ်းပျက်နေတဲ့အကြောင်း
အကြောင်းပြချက်
ဘာလဲ ဆိုတာပို ပိုခက်။

မိခရေ...ရယ်
ငါ့နှလုံးသားတွေဟာ
ဆားဖြူးရင့်စ် အက်စက်အစားခံရတဲ့
သွပ်စ”လေးတွေလို
တရွေ့ ရွေ့ ဝါးမျိုခံရ
ဟိုက်ထရိုဂျင်ဘဝ
ဘ၀ပျက်ပြီး
အဝေးကိုလွှင့်ရတော့မှလားကွယ်။ ။

Monday, September 6, 2010

နှစ်ကိုယ့်တစိတ် တိုးတိုးတိတ်တိတ်

အ၀ိဇ္ဇာဖိစီး
တဏှာမီးတွေနဲ့ 
မသေချာတဲ့
နေထိုင်ခြင်းကို
ကျားကုတ်ကျားခဲ တည်ဆောက်
သေချာတဲ့
သေခြင်းတရားကို
မေ့မေ့ပျောက်ပျောက်
ဂုဏ်မြောက်လိုက်တဲ့ တဏှာ
အစွမ်းထက်လိုက်တဲ့ တဏှာ
ကျွမ်းကျင်လိုက်တဲ့ တဏှာ။

အဲဒီကြားထဲ
ရောင်စုံရမ္မက်တွေက
အငိုက်ချောင်း အလစ်တိုးဝင်
ဘ၀င်ကိုခိုက်လို့ 
ခိုက်လိုက်တဲ့ ဘ၀င်
ဝန်းကျင်ကတောင်
မျက်လုံးကြက်ခြေခတ်တွေနဲ့ 
ရွဲ့ စောင်းကြည့်ကြ။

တကယ်တော့
အကျိုးတရားတွေက
အကြောင်းတရားတွေနဲ့ 
နှစ်ကိုယ့်တစိတ်
တိုးတိုး တိတ်တိတ်
ပေါင်းသင်းနေထိုင်ပြီးသား။ ။

Thursday, September 2, 2010

အစွန့် ပြစ်ခံ ဘူတာလေး

မိခရေ...ရေ....
အချစ်ပြေမလွယ်ချင်ဘူးကွယ်။

မင်းရဲ့ မျက်နာချိုလေးက
လေးနှစ်လေးမိုး
မေတ္တာမိုးတွေရွာသွန်းဖြိုးပြီးကာမှ
ဘယ်အာရုံ
ဘယ်အငြိုးကြောင့်
မေတ္တာ ဘရိတ်အုပ်
အမုန်းတရားတွေနဲ့ 
နောက်ဆုတ်သွားရတာလဲကွယ်။

သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းရမယ့်အကြောင်းရယ်
ကမ္ဘာဦးတေးဂီတကို
တီးမှုတ်ကခုန်ခဲ့ကြတာရယ်
ငါ တို့ နှစ်ယောက်ရဲ့ 
လူ့ သမိုင်းတာဝန်ကျေခဲ့တာတွေ
မင်းမေ့သွားပြီနော်..။

ငါသိလိုက်ပါပြီ.ခရေ..ရယ်
ကံကြမ္မာဟာ
သံခွါတပ်ပြီးစ
မြင်းရိုင်းတကောင်လို
ဒုံးစိုင်းပြီးရိုင်းရိုင်းစိုင်းစိုင်းနဲ့ 
တံခါးမခေါက်ပဲ
ဂမူးရှူးတိုးဝင်လာတတ်လေရဲ့ ကွယ်။

တကယ်ပါ မိခရေ..ရယ်....
ငါ မေ့မလွယ်ပါဘူး
ဘ၀ရဲ့ မီးနှင်းပွဲတော်တွေက
ပျော်စရာ မဟုတ်ခဲ့ပေမဲ့
မင်း..ငါနဲ့ အဖေါ်ပါခဲ့တာတွေ။

ခရ...ရယ်.......
မင်းသာခွင့်ပြုခဲ့မယ်ဆိုရင်
မင်းဟာလည်း ရထားတစင်းဆိုရင်
မင်းဘယ်လောက်ဝေးဝေးမောင်းနှင်သွားပါစေ
ဘယ်ဆီကိုပဲမောင်းနှင်သွားပါစေ
ပျံလေတဲ့ငှက်ခါး
မင်းနားဖို့ အတွက်
ငါဟာ ဘူတာရုံလေးဖြစ်ပါရစေကွယ်။