Sunday, October 10, 2010

သူငယ်ချင်း

သူငယ်ချင်း......
ကျီးကန်းဆိုတာကို အမဲနဲ့ တွဲမှတ်ထား
ဟိုရှေ့ ကားမဲက
ကျီးကန်းလို အား အားလဲမမြည်ဘူး။

သူငယ်ချင်း..ရေ....
ညကို အမှောင်နဲ့ တွဲမှတ်ထား
ခြောက်မျက်နာ အလုံပိတ်ထားတဲ့
အခန်းကျင်းကျင်းအတွင်း
နေ့ ခင်းဟာလဲငါ့အတွက်မှောင်တယ်။

သူငယ်ချင်း
ငါကိုက်စားခဲ့တဲ့ငြုပ်သီး
တရုတ်ကြီး
အဖြူ ကီး
ကုလားကြီး ရော
သူတို့ ပြောတယ်
...စပ်လိုက်တာတဲ့
ဂျူးဘားပြည်က
ထုတ်တဲ့ သကြား
ဘယ်သူစားစား
တ သဘောတရားတည်းချိုတယ်။

အင်း
သူငယ်ချင်းရေ
ငါဟာ မင်းမဟုတ်ဘူး
မင်းဟာလဲ ငါမဟုတ်ဘူး
ငါဟာလဲ ငါမဟုတ်ပြန်ဘူး။

သူငယ်ချင်းရေ..
ကျန်းမာခြင်းတွေ
မင်းနဲ့ လက်ပွန်းတသီးရှိပါစေ။

2 comments:

  1. အင်း
    သူငယ်ချင်းရေ
    ငါဟာ မင်းမဟုတ်ဘူး
    မင်းဟာလဲ ငါမဟုတ်ဘူး
    ငါဟာလဲ ငါမဟုတ်ပြန်ဘူး။

    ဒါဆိုရင် ဘယ်သူလဲ?
    မှန် ကြည့်ရင် ရော ဘယ်သူလဲ ??????

    ReplyDelete
  2. မနန်းရယ်
    မှန်ကြည့်ပြန်တော့လဲ
    ငါ လို့ ထင်တဲ့ ငါ့ရဲ့ ဆိုတာကြီး
    တွေ့ ရပြန်တော့
    ငါနဲ့ ငါကြား ဗျာများနေသောငါ့(ထူးအိမ်သင်)
    သစ္စအမှန်နဲ့ ဝေးနေသေးရင်တော့ ငါနဲ့ ငါ သတ်ပုတ်နေကြရအုံးမှာပါ။
    မနန်းတယောက် ငါပျောက်ပါစေ။

    ReplyDelete