Monday, November 29, 2010

ချစ်နေဆဲပါ မိခရေ

ပစ္စုပ္ပန်တည့်တည့်
ဖြစ်လိုက်တဲ့ ခဏကို
ရှေးဟောင်း နှောင်းမဖြစ်တဲ့
ရှေးဟောင်းနှောင်းဖြစ်အကြောင်းများ။

သူငယ်ချင်းတွေ
အကြောင်းဆုံတိုင်း
စိတ်အပူတိုက် ပြန်နွေးမိတဲ့အတိတ်
မင်းအကြောင်းတွေ တရိပ်ရိပ်နဲ့ ပေါ့။

စိတ်ကို
ခါးတောင်းမြှောင်အောင်ကြိုက်
အားသွန်ပြီး ခွန်စိုက်
ချွေးဖြိုက်ဖြိုက်နဲ့ ရယ်
်ဟိုး....အပေါ်မှာစိုက်ထား
မင်းရဲ့ 
အချစ်အောင်လံကုက္ကား
ငါ့ အချစ်စွမ်းအားတွေနဲ့ 
လက်လှမ်းမယ်ကြံတိုင်း
ဥပက္ခာနဲ့ အမုန်းချောဆီအရိုင်းတွေ
အလောင်းခံလိုက်ရ
ပြန်ပြန်ပြုတ်ကျခဲ့ရ
ဒဿမ အကြိမ်တောင်မက ခဲ့ဘူး။

မိခရေ....
မင်းကတော့
အောင်နိုင်သူ စစ်ကဲကြီးလိုမာန်ဝင့်
တဖက်လူကိုအလှဲထိုး
အောင်လံခါးထိုးပြန်တဲ့
လက်ဝှေ့ ကျော်ရဲ့ ဟန်ပန်
ချက်ကောင်းကိုအလစ်ချောင်းပစ်ခတ်
သားကောင် လတ်လတ်ဆတ်ဆတ်ရလိုက်တဲ့
မုဆိုးကျော် သောနုထ္ထိုရ် လို....
အောင်နိုင်မှုအပေါ်
ပြုံးရင်းနဲ့ ပျော်
ပျော်ရင်းနဲ့ ပြုံး
အရှုံးမရှိ
အဆုံးထိ ပိတိတွေနဲ့ ။

မိခရေ
မင်းသိပါစ
အနိမ့်အမြင့်
ဘ၀ အဖြစ်အပျက်တွေရဲ့ ကြား
မုဆိုးကလည်း သားကောင်
သားကောင်ကလည်း မုဆိုး
အဖြစ်ဆိုးကြီးမရောက်ခင်
မိခရေ..ရယ်
ညာဏ်ယှင်စဉ်းစား
မင်း မှားမှာစိုးလို့ ။ ။

Monday, November 8, 2010

”ကိုကိုအတွက်”

ကိုယ့်ကိုယ်ကို ကိုယ်ထင်နေသော-ကိုကို
ကိုကို-ကိုယ့်ကိုယ်ကို ကိုယ်မထင်ပါနဲ့ 
ကိုယ်ဟာကိုယ်မဟုတ်ဖူး ကိုကို။

ဓါတ်ကြီးလေးသွယ်
ဓါတ်ငယ်လေးပါး
တရာ့နှစ်ဆယ့်တစ် စိတ်အပြား
စုပေါင်းအားနဲ့ 
လှုပ်ရှားအရောင်ပြောင်း
ထောင်းထောင်းကြေ ရွေ့ လျှားခြင်းကို
သတ္တ၀ါ သို့ မဟုတ် လူ
လူ သို့ မဟုတ် ယောင်္ကျား
ယောင်္ကျား သို့ မဟုတ် ကိုကို
ကိုကို
ကိုကို လို့ 
အဆင်ပြေသလို ခေါ်နေကြတာပါ။

ကိုကို
ကိုကိုနဲ့ မြင်မြင်သမျှ
ဖြစ်-တည်-ပျက်
ဖြစ် ခြင်းက ပျက်
တည် ခြင်းကလဲ ပျက်
ပျက် ခြင်းကိုယ်၌ကလဲ ပျက်
တရားစင်စစ်က
ပြောင်းလွဲ ဖြစ်ပျက်ခြင်းတခုတည်း
တည်မြဲ နေခြင်းပါ ကိုကို။

ကိုကို သူငယ်ချင်း….
လောကအပေါ်
မြတ်စွာသောဘုရား ပေါ်ခဲ့ပြီးပြီ
မြတ်တရားဓမ္မ ဖေါ်ပြခဲ့ပြီးပြီ
မြတ်သံဃာအရှင်တော်မြတ်များ
သတ္တ၀ါအများကို
တော်-တည့်နေရန်
ရည်သန်ညွှန်ပြ
တရားဓမ္မလမ်းဖြောင့်ပြလို့ ။

ကိုကို
သက်မဲ့လည်း မတည်
ပျက်ခြင်းနောက်ဆုံး
သက်ရှိလည်း မတည်
ပျက်ခြင်းနောက်ဆုံး
အဆုံးသတ်ဤသို့ ရှိတယ် ကိုကို။

ငါ့အိမ်
ငါ့ကား
ငါ့သားမယား
မှတ်ထားပဥာတ်
ကိုယ့်နဲ့ သင့်မြတ်ချိန်
ပိုင်ထားတာပါ ကိုကို။

ဒီသတ္တလောကထဲ
သမ္မာ-မိစ္ဆာ
တရားနှစ်ဖြာနဲ့ 
သွန်သင်ဆုံးမသြ၀ါဒတွေ
ထွေထွေလှမ်းဖွယ်
မဂ်လမ်းကျယ်ကျယ်
နည်းအသွယ်သွယ် ရှိနေပါလျှက်
ဖေါက်မထွက်ဖြစ်ရင်
ကိုကို့  အပြစ်သာ ဖြစ်တော့မှာမို့ 
လမ်းတွေကို အပြစ်မမြင်
ဖေါက်ထွက်ဖို့ သာပြင်ပါတော့ကိုကို။

Thursday, October 28, 2010

ငါမပိုင်တဲ့ မနက်ဖန်အတွက်

အူ ၀ဲ နဲ့ 
ပေါက်ကွဲငိုကြွေး
ငါ လူကလေးအဖြစ်
ကမ္ဘာမြေပေါ်ဆင်းသက်ခဲ့။

ဒီလိုနဲ့ 
အသက်ဆိုတာက
ရွေ့ လျှားခြင်းအချိန်တွေနဲ့ လက်တွဲ
မျဉ်းပြိုင်ပေါ် ကပွဲနွဲရင်း
တစက္ကန့် ခြင်း
တနှစ်ခြင်း
နှေးနှေးနဲ့ မြန်မြန်ပြေးလွှားရင်း
အင်း....ခုဆို
လေးဆယ့်နှစ် ၀ါတောင်ဆိုပြီးသွားပြီ။

ကျေနပ်စိတ်ပျက်စရာ
လောကမာယာတွေနဲ့ 
ပြေးတန်းလိုက်တန်း
မောမောပန်းပန်းလှုပ်ရှားရင်း
လူသားများကောင်းခြင်းအကျိုး
တထမ်းတပိုးတော့
လိုအပ်ချက်ကန်ရေပြင်ထဲ
ရေတစက်လိုလောင်းသွန်ပစ်ချခဲ့ဖူးရဲ့ ။

သြော်
သင်္ခါရနဲ့ ညားရင်း
တဖြေးဖြေးခြင်း
တိုတိုလိုက်ရတဲ့
ထွန်းညှိထားဆဲ
ဖရောင်းတတိုင်က
ငါ ကိုယ်တိုင်ဖြစ်နေရပေါ့။

ကံကြမ္မာနဲ့ 
အနိစ္စအတုံ့ အလှဲ့ 
ဒီ...
ငါချစ်တဲ့ ကမ္ဘာကြီးကို
နုတ်မဆက်ခင်
လောကကိုအလှဆင်
လောကုတ္တရာအတွက်
အထုပ်ပြင်ရင်းနဲ့ ပေါ့။

မသေချာတာက
နှစ်တရာ့ရှစ်ဆယ် အသက်ရှည်ခြင်း
သေချာတာက
အချိန်မရွေး
ဒီကမ္ဘာကြီးကထွက်ခွါသွားတတ်ရခြင်း
တင်းတင်းရင်းရင်း
အာရုံကိုသတိနဲ့ တွဲဖက်ချည်နောင်ထားရင်ပေါ့။

Tuesday, October 19, 2010

ကိုယ်ပျောက်-----နဲ့ သတ်ပုတ်ခြင်း

ဟိုနေ့ တုံးက
ကံကြမ္မာ ပတ်မကြီးတီးသံ
ငါ့ရင်ဘတ်နံရံကို
ကွဲလောက်အောင်ကြံရော့သလား။

သိလိုက်ပါပြီ
ကံကြမ္မာက
အဲမောင်း တီးပြီးမလာဘူး
လှံထမ်းလာသူကတော့
ငါ့ ကိုအနာတရဖြစ်စေ
ပြုစားလေရဲ့ ။

ကြေငြာချက် မထုတ်ပြန်တတ်တဲ့
အမိုက်အမဲ
လောကဓံကို တော်လှန်ဖို့ 
”ဘာမှမဟုတ်ဖူး”ဆိုတဲ့ပြဇာတ်
ကိုယ်တယောက်တည်း
မကတတ်ခဲ့လို့ ပါ
ကိုယ်ပဲ ဇာတ်ဆရာဆိုတော့
ဘယ်သူ့ ကိုများ
ဇီဇာချဲ့ အပြစ်ဖွဲ့ ရမလဲ။

ငါ့ နောက်ကျောက
ဓါးဒါဏ် ဗရပွဟာ
မိတ်ဆွေ အမှတ်မှားခဲ့လို့ ။

ခက်လိုက်တာက
ရှေ့ တည့်တည့်ကဓါး
စွတ်ပြေးဝင်လာတာတောင်
လေတိုးသံမကြားလိုက်ရဘူး
အ၀ိဇ္ဇာ ၀င်ပူးနေလို့ ထင်ပါရဲ့ ။

Sunday, October 10, 2010

သူငယ်ချင်း

သူငယ်ချင်း......
ကျီးကန်းဆိုတာကို အမဲနဲ့ တွဲမှတ်ထား
ဟိုရှေ့ ကားမဲက
ကျီးကန်းလို အား အားလဲမမြည်ဘူး။

သူငယ်ချင်း..ရေ....
ညကို အမှောင်နဲ့ တွဲမှတ်ထား
ခြောက်မျက်နာ အလုံပိတ်ထားတဲ့
အခန်းကျင်းကျင်းအတွင်း
နေ့ ခင်းဟာလဲငါ့အတွက်မှောင်တယ်။

သူငယ်ချင်း
ငါကိုက်စားခဲ့တဲ့ငြုပ်သီး
တရုတ်ကြီး
အဖြူ ကီး
ကုလားကြီး ရော
သူတို့ ပြောတယ်
...စပ်လိုက်တာတဲ့
ဂျူးဘားပြည်က
ထုတ်တဲ့ သကြား
ဘယ်သူစားစား
တ သဘောတရားတည်းချိုတယ်။

အင်း
သူငယ်ချင်းရေ
ငါဟာ မင်းမဟုတ်ဘူး
မင်းဟာလဲ ငါမဟုတ်ဘူး
ငါဟာလဲ ငါမဟုတ်ပြန်ဘူး။

သူငယ်ချင်းရေ..
ကျန်းမာခြင်းတွေ
မင်းနဲ့ လက်ပွန်းတသီးရှိပါစေ။

Thursday, October 7, 2010

နောက်ဆုံးစက္ကန့် မရောက်မှီ

နွေတနေ့ ရဲ့ တနံနက်
ကိုးနာရီသံ ချက်-ချက်
ငါ မှန်ကြည့်ဖြစ်လိုက်တယ်။

အမဲတ၀က်အဖြူရောယှက်
ငါ့ဦးခေါင်းထက်က ဆံပင်တွေဖြစ်နေပုံ။

သွားပွတ်တံကို လှမ်းအယူ
သွေးမပူလို့ လား
ဇရာငြူစူလို့ လား
ငါ့ ခါးကြားက ဂျောက်ကနဲမြည်
အဖြောင့်ပြန်ဆန့် လို့ မရတော့ပြီ။

စက္ကန့် အဆက် ဆက်
တချက်ချက်မြည်သံ
သေမင်းစေတမာန်ဖြစ်နေခဲ့။

မသေခင်စပ်ကြား
လူသားကမ္ဘာအတွက်
ဘာလုပ်ဖြစ်ပြီးပြီလဲ
ဘာလုပ်နေတာလဲ
ဘာလုပ်အုံမှာလဲ။

Sunday, September 19, 2010

ငါ့အသဲ ဟိုက်ထရိုဂျင်

အမြင့်နန်းပေါ်
သဇင် သစ်ခွ
ပိတောက် ငုဝါ
အမြင့်ပန်းမာလာတွေထဲက
ရိုးရိုးယဉ်ယဉ်
ယျဉ်ယျဉ်ရိုးရိုး
ငါ့ ရင်ကိုတိုးဝင်ထိုးဖေါက်
အသဲစိုင်ရောက်အောင်။

ခရေ.....
မြှားတိုတချောင်း
ထုတ်ခြင်းခတ်ထိုးဖေါက်သွားလဲ
မင်းအပေါ် ငါ့အတွယ်အတာ
အချစ်မြှားရှည်တချောင်းက
ငါ့ရင်ဘတ်ထဲ
ငြိတွယ်စွဲမြဲနေတုံးပဲ
မိခရေ.....။

ငါ့ရဲ့ 
လည်ချောင်းအချုပ်ထောင်ထဲ
မင်းကိုတွေ့ တဲ့နေ့ ကစ
တမ်းတမ်းတတ
နှစ်ရှည်လများအကျဉ်းကျနေတဲ့
စကားစုတွေ
ရင့်ကျင့်ထိုးဖေါက်
အချုပ်ထောင်အပြင်ရောက်တော့
ဘာသာဗေဒနဲ့ 
ရင်းနှီးပေါင်းဖက်
မင်းကိုချစ်တယ်ဆိုတဲ့အကြောင်း
တော်လဲ သံလို
မြည်ဟီးသွားပေါ့။

ထပ်ဆင့်
ထပ်ဆင့်
ထပ်ဆင့်မြည်ဟီးတဲ့ဒီအသံ
ကျောက်သားနံရံ ကွဲကြေလောက်လဲ
ထူးကဲနေတာက
သတ္တ၀ါ ဘယ်ကစ
အဖြေရှာမရတဲ့ပုစ္ဆာထက်
မင်းဆီမှာ မီးစိမ်းပျက်နေတဲ့အကြောင်း
အကြောင်းပြချက်
ဘာလဲ ဆိုတာပို ပိုခက်။

မိခရေ...ရယ်
ငါ့နှလုံးသားတွေဟာ
ဆားဖြူးရင့်စ် အက်စက်အစားခံရတဲ့
သွပ်စ”လေးတွေလို
တရွေ့ ရွေ့ ဝါးမျိုခံရ
ဟိုက်ထရိုဂျင်ဘဝ
ဘ၀ပျက်ပြီး
အဝေးကိုလွှင့်ရတော့မှလားကွယ်။ ။