တစ္ဆေရဲ့  ကမ္ဘာတခုပမာ
ညအခါမှာထိန်ထိန်သာတဲ့
မေတ္တာမပါတဲ့အချစ်ပွဲတွေ-နွဲ
ပန်းခင်းကြီးက
စည်ပဲစည်ကားလွန်တယ်။
ပန်းခင်းရဲ့ သခင်
သူ့ အသွင်က
ကြွေတောမယ့် နှင်းဆီ
ပွင့်ချပ်ပမာ
သူ့ နုတ်ခမ်းလွှာ
လိုတာထက်ပိုနေပေါ့။
လင်းလက်နေတဲ့
ဘောဂဗေဒရောင် မျက်လုံး
လာလာသမျှပိတုန်းတွေကို
ကြောင်လက်သဲကြားက
ကြွက်ကလေးကိုကစားသလို
ကျွမ်းကျင်မှုတွေက ပါရဂူမြောက်လိုက်တာ
ဟိရိသြတ္တပ္ပတွေက ဗလာ။
ရောင်စုံပန်းပွင့်များစွာ
ဖေါ်ရွေသူ
ကြောက်ရွံ့ သူ
အလို မတူသူ
အလိုတူသူ
ဘယ်လိုပင်
အလိုတူတူ-မတူတူ
မနက်ဖြန်အူစိုဖို့ 
တညတာဖြေဖျော်လို့ 
မြန်ပြည်ရဲ့ 
တိုးတက်တဲ့ အနိမ့်ခန်း
ညမှာ ပွင့်တဲ့ပန်းလေးတွေ။
သူတို့ သမီးများ
ပန်းတံတားပေါ်မှာ
လိုအပ်တာအကုန်ရ
ပြည့်စုံကြွယ်ဝ
အဲဒီဘ၀ ရထားကြရင်
ညဥ့်ငှက်
ဘယ့်အတွက်ဖြစ်ရပါ့မလဲ။ ။
ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ်တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။
Friday, July 16, 2010
Monday, July 5, 2010
သစ်ပင်တပင်ရဲ့ အထ္ထုပ္ပတ္တိ
ဒီအပင်ပေါ်မှာ နားနေ
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။
ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။
ဒီအရွက်အရိပ်ကို ခိုလုံ
ဒီပင်စည်ကို အကာအကွယ်
ဒီအသီးတွေကို စားသုံး
ဒီလိုနဲ့ ပြီးဆုံးမသွားခဲ့
ဒီအပင်ကို ထိုးဆိပ်
ဒီအရွက်ကို ကိုက်ချွေ
ဒီပင်စည်ကို ကုတ်ဖဲ့
ဒီအသီးတွေကို အတ္တအတွက် ဝေငှ
ဒီလိုနဲ့ နောက်ဆုံးကျ
ဒီအပင်သုံးမရဘူးဆို
ဒီလိုဟိုလို အပြစ်ဆို စွန့် ခွါသွားခဲ့
ဒီလိုလဲလုပ်ရက်ကြသေးတယ်နော်
ဒီဘ၀တော့
ဒီတခါသာကြုံပါရစေတော့။
ဒ.ဒွေးတလုံးမှ ၀ိုင်းအောင်မရေးနိုင်တဲ့ငါ
ဒီအပင်ကြီးကိုတော့
ကိုယ်ချင်းစာမိပါတယ်။
Sunday, June 20, 2010
အငွေ့ ပျံသောက
Sunday, June 6, 2010
မိသံစဉ်
တွန်သံချိုတဲ့
ကြိုးကြာတကောင်လို
လှလှပပကြွကြွရွရွ
ကဗျာတမျှပြောဆိုတတ်တဲ့
မိသံစဉ်။
မင်းရဲ့ သာယာနူးညံ့မှု
သံသာကြောမှာ
မျောပါသွားရင်း
ရွက်မဲ့တက်ကျိုးသွားလည်း
လက်ထိုးလှော်ဖို့ 
မကြိုးစားချင်ဘူးကွယ်
ရင်နဲ့ မှကြားရတဲ့
မင်းဆီက ကဗျာသံစဉ်တွေ
ဆိတ်သုန်းပျောက်ကွယ်သွားမှာစိုးလို့ ။
မင်းကိုအပြစ်မမြင်ဘူးမိသံစဉ်
ငါ့အသဲပြင်မှာ
ထီးတင်နန်းဆောက်
ဘုရင်မတယောက်လို
ငါ့နှလုံးသားကို
အုပ်ချုပ်မင်းမူလိုက်စမ်း
ဝပ်တွားနာခံဖို့ အသင့်ပါ။
ငါ တွေ့ လိုက်တယ်မိသံစဉ်
အရောင်သွေးစုံလှလှပပနဲ့ 
လွမ်းတေးရှင်ရွှေဥသြ
ဘာမပြောညာမပြော
သ၀န်တိုတဲ့သဘောနဲ့ 
ခပ်သောသောလေး
အဝေးဆုံးကို အားသွန်ပျံထွက်သွားတယ်
ပျံပါစေလေ
သူက ဥသြ...ဥသြ...
သံချိုတွန်တာကလွဲလို့ 
မင်းလောက်မှ သံစဉ်မထွင်နိုင်တာ။
ငါတွေ့ လိုက်သေးတယ် မိသံစဉ်
ရောင်စဉ်လှလှ
ခေါင်း(ဂေါင်း)ငြိမ့်ပြတတ်တဲ့
အရောင်ပြောင်းထိုထို
ကိုရွှေပုတ်သင်ညို
မင်းကိုသ၀န်တို
မလိုလို့ ထင်ရဲ့ 
သာဘာဝရဲ့ ဆန့် ကျင်ဘက်
ခေါင်းခါပြပြီးထွက်သွားလေရဲ့ 
သွားပါစေလေ
သူက ဟုတ်ကဲ့..ဟုတ်ကဲ့...
ခေါင်းငြိမ့်တဲ့အကျင့်ကလွဲလို့ 
မင်းလောက်မှ
အရောင်ပြောင်း၊ ခေါင်းငြိမ့် ခေါင်းခါ
မကျွမ်းကျင်တာ။
မိသံစဉ်
အနီရောင်ဟာ
ရဲရင့်ခြင်း ပြတ်သားခြင်းတဲ့
မင်းဆီက ယိုစီးဖိတ်ကျလာမယ့်
လမ်းခွဲရေး
အနီရောင်တွေတော့
ငါ့ရင်ပြင် နှလုံးသားပေါ်
နဲနဲလေးမှ
လမ်းချော်ပြီး ဖိတ်စဉ်ကျမလာဖို့ 
မက်မက်မောမောနဲ့ 
ဘုရားသခင်များထံ
ဆုတောင်းမိတာစက္ကန့် အမျှပါပဲ။
တကယ်ပါမိသံစဉ်
မင်းက မီးလျှံဆို
ငါက ဖိုးဖလံ
ဒါပေမဲ့
ကုမုဒြာကြာပန်းအသွင်
မင်းအတွက်တော့
ငါက လရောင်ပဲဖြစ်လိုက်မှာပါ။
ကြိုးကြာတကောင်လို
လှလှပပကြွကြွရွရွ
ကဗျာတမျှပြောဆိုတတ်တဲ့
မိသံစဉ်။
မင်းရဲ့ သာယာနူးညံ့မှု
သံသာကြောမှာ
မျောပါသွားရင်း
ရွက်မဲ့တက်ကျိုးသွားလည်း
လက်ထိုးလှော်ဖို့ 
မကြိုးစားချင်ဘူးကွယ်
ရင်နဲ့ မှကြားရတဲ့
မင်းဆီက ကဗျာသံစဉ်တွေ
ဆိတ်သုန်းပျောက်ကွယ်သွားမှာစိုးလို့ ။
မင်းကိုအပြစ်မမြင်ဘူးမိသံစဉ်
ငါ့အသဲပြင်မှာ
ထီးတင်နန်းဆောက်
ဘုရင်မတယောက်လို
ငါ့နှလုံးသားကို
အုပ်ချုပ်မင်းမူလိုက်စမ်း
ဝပ်တွားနာခံဖို့ အသင့်ပါ။
ငါ တွေ့ လိုက်တယ်မိသံစဉ်
အရောင်သွေးစုံလှလှပပနဲ့ 
လွမ်းတေးရှင်ရွှေဥသြ
ဘာမပြောညာမပြော
သ၀န်တိုတဲ့သဘောနဲ့ 
ခပ်သောသောလေး
အဝေးဆုံးကို အားသွန်ပျံထွက်သွားတယ်
ပျံပါစေလေ
သူက ဥသြ...ဥသြ...
သံချိုတွန်တာကလွဲလို့ 
မင်းလောက်မှ သံစဉ်မထွင်နိုင်တာ။
ငါတွေ့ လိုက်သေးတယ် မိသံစဉ်
ရောင်စဉ်လှလှ
ခေါင်း(ဂေါင်း)ငြိမ့်ပြတတ်တဲ့
အရောင်ပြောင်းထိုထို
ကိုရွှေပုတ်သင်ညို
မင်းကိုသ၀န်တို
မလိုလို့ ထင်ရဲ့ 
သာဘာဝရဲ့ ဆန့် ကျင်ဘက်
ခေါင်းခါပြပြီးထွက်သွားလေရဲ့ 
သွားပါစေလေ
သူက ဟုတ်ကဲ့..ဟုတ်ကဲ့...
ခေါင်းငြိမ့်တဲ့အကျင့်ကလွဲလို့ 
မင်းလောက်မှ
အရောင်ပြောင်း၊ ခေါင်းငြိမ့် ခေါင်းခါ
မကျွမ်းကျင်တာ။
မိသံစဉ်
အနီရောင်ဟာ
ရဲရင့်ခြင်း ပြတ်သားခြင်းတဲ့
မင်းဆီက ယိုစီးဖိတ်ကျလာမယ့်
လမ်းခွဲရေး
အနီရောင်တွေတော့
ငါ့ရင်ပြင် နှလုံးသားပေါ်
နဲနဲလေးမှ
လမ်းချော်ပြီး ဖိတ်စဉ်ကျမလာဖို့ 
မက်မက်မောမောနဲ့ 
ဘုရားသခင်များထံ
ဆုတောင်းမိတာစက္ကန့် အမျှပါပဲ။
တကယ်ပါမိသံစဉ်
မင်းက မီးလျှံဆို
ငါက ဖိုးဖလံ
ဒါပေမဲ့
ကုမုဒြာကြာပန်းအသွင်
မင်းအတွက်တော့
ငါက လရောင်ပဲဖြစ်လိုက်မှာပါ။
Sunday, May 30, 2010
မိညို
မိုးကောင်းကင်ကြီးက ညိုတိုတို..
မိညို” ဆိုတဲ့မိန်းမချောတယောက်နဲ့ 
”ဆူးလေ”မှာနှစ်ခေါက်
စနေ တောင့်မှာနှစ်ခါဆုံဆက်
အလွမ်းဇာတ်လမ်းဖြစ်ဖို့ 
အဲဒီက”စ”လို့ ။
အိုးးး မတော်လို့ ပါနော်
sorry ပဲနော်
. . . . . နော်တဲ့။
အဲဒီနော်တွေရဲ့ နောက်ပိုင်း
ပါးနပ်မှု ယဉ်ကျေးမှုတွေနဲ့ 
ရင်းရင်းနီးနီး
ရောရောယှက်ယှက်
မရှိသေးတဲ့ င့ါအသည်းကြမ်း
မင်းရဲ့  သမုဒယနွံရိုင်းထဲမှာ
အာရုံဦးအသစ်တွေနဲ့ ပျော်ပါးရင်း
မင်းရဲ့ ဆန္ဒ
ငါ့ရဲ့ အဇၹ်တ
တသားတည်းမကျမှုကြောင့်
ဘာကြောင့်ညာကြောင့်
ဖနောင့်ဆောင့်ပြီး
ဆောင်းရိုင်းလေနဲ့ အတူ
တိမ်ညိုတွေထဲပျောက်သွားသူရေ။
မင်းက လမ်းခွဲ နုတ်မဆက်
ကျောခိုင်းထွက်သွားလေပြီ။
ကြေကွဲမှုဆိုတာတွေ
ဘယ်လိုပေတံနဲ့ မှတိုင်းမရ
ဘယ်လိုပေါင်ချိန်နဲ့ မှချိန်မပြနိုင်တဲ့အထဲ
လွမ်းဆွတ်မှု ဝေတနာမိုးကွက်ကျားတွေက
ငါ့ရဲ့  ရင်ဘတ် ဘယ်ဘက်တခြမ်းတည်းပေါ်မှာ
မညှာမတာ
အတိုင်းထက်အလွန်ရွာလို့ ။
မိညို
နေ့ နေ့ ညည လျှံထွက်ကြတဲ့
အိမ်မက်ရိုင်းတွေကလဲ
ငါ့ရင်ဘတ်နဲ့ မဆန့် 
အပြည့်အကြပ်ပါပဲ
အသက်ရှုတောင်ရပ်ရပ်သွားချင်ရဲ့ ။
ခက်တယ်မိညို
စိတ်နဲ့ စိတ်ချင်းမှနားလည်ရတဲ့
ငါ့အလွမ်းဝေဒနာတွေကို
ငိုယိုကြေငြာမိတော့လည်း
မောင်ရင်- ဖြေပါ ဖြေပါ
လေညှာကချော့သူတွေ
ပလူ”ကောင်တွေနဲ့ အပြိုင်။
မိညို
အတိတ်တစ္ဆေက
ငါ့ရင်ထဲမှာ ကွန်းခိုပျော်ပါးနေဆဲပါ။
မိညို
မင်းတယောက်ကြားနိုင်မယ်ဆိုရင်
ငါပြောလိုက်ချင်တယ်
စိတ္တဇညတွေကို
ပန်းခရေလို သီကုံးမပြနိုင်တာကလွဲလို့ 
မင်းအတွက်နဲ့ 
ရူးသွပ်မှုနေ့ ရက်တွေက
ဆက်၍ဆက်၍ဆက်နေဆဲပါကွယ်။ ။
သူငယ်ချင်းတယောက်ရဲ့  အသည်းခလုတ်တိုက်သံ။
မိညို” ဆိုတဲ့မိန်းမချောတယောက်နဲ့ 
”ဆူးလေ”မှာနှစ်ခေါက်
စနေ တောင့်မှာနှစ်ခါဆုံဆက်
အလွမ်းဇာတ်လမ်းဖြစ်ဖို့ 
အဲဒီက”စ”လို့ ။
အိုးးး မတော်လို့ ပါနော်
sorry ပဲနော်
. . . . . နော်တဲ့။
အဲဒီနော်တွေရဲ့ နောက်ပိုင်း
ပါးနပ်မှု ယဉ်ကျေးမှုတွေနဲ့ 
ရင်းရင်းနီးနီး
ရောရောယှက်ယှက်
မရှိသေးတဲ့ င့ါအသည်းကြမ်း
မင်းရဲ့  သမုဒယနွံရိုင်းထဲမှာ
အာရုံဦးအသစ်တွေနဲ့ ပျော်ပါးရင်း
မင်းရဲ့ ဆန္ဒ
ငါ့ရဲ့ အဇၹ်တ
တသားတည်းမကျမှုကြောင့်
ဘာကြောင့်ညာကြောင့်
ဖနောင့်ဆောင့်ပြီး
ဆောင်းရိုင်းလေနဲ့ အတူ
တိမ်ညိုတွေထဲပျောက်သွားသူရေ။
မင်းက လမ်းခွဲ နုတ်မဆက်
ကျောခိုင်းထွက်သွားလေပြီ။
ကြေကွဲမှုဆိုတာတွေ
ဘယ်လိုပေတံနဲ့ မှတိုင်းမရ
ဘယ်လိုပေါင်ချိန်နဲ့ မှချိန်မပြနိုင်တဲ့အထဲ
လွမ်းဆွတ်မှု ဝေတနာမိုးကွက်ကျားတွေက
ငါ့ရဲ့  ရင်ဘတ် ဘယ်ဘက်တခြမ်းတည်းပေါ်မှာ
မညှာမတာ
အတိုင်းထက်အလွန်ရွာလို့ ။
မိညို
နေ့ နေ့ ညည လျှံထွက်ကြတဲ့
အိမ်မက်ရိုင်းတွေကလဲ
ငါ့ရင်ဘတ်နဲ့ မဆန့် 
အပြည့်အကြပ်ပါပဲ
အသက်ရှုတောင်ရပ်ရပ်သွားချင်ရဲ့ ။
ခက်တယ်မိညို
စိတ်နဲ့ စိတ်ချင်းမှနားလည်ရတဲ့
ငါ့အလွမ်းဝေဒနာတွေကို
ငိုယိုကြေငြာမိတော့လည်း
မောင်ရင်- ဖြေပါ ဖြေပါ
လေညှာကချော့သူတွေ
ပလူ”ကောင်တွေနဲ့ အပြိုင်။
မိညို
အတိတ်တစ္ဆေက
ငါ့ရင်ထဲမှာ ကွန်းခိုပျော်ပါးနေဆဲပါ။
မိညို
မင်းတယောက်ကြားနိုင်မယ်ဆိုရင်
ငါပြောလိုက်ချင်တယ်
စိတ္တဇညတွေကို
ပန်းခရေလို သီကုံးမပြနိုင်တာကလွဲလို့ 
မင်းအတွက်နဲ့ 
ရူးသွပ်မှုနေ့ ရက်တွေက
ဆက်၍ဆက်၍ဆက်နေဆဲပါကွယ်။ ။
သူငယ်ချင်းတယောက်ရဲ့  အသည်းခလုတ်တိုက်သံ။
Tuesday, May 25, 2010
လမ်းခွဲပါ အရမ်းမပြောပါနဲ့ 
”နှင်းမိုးသူ” ဆိုတဲ့သူ
တကယ်ချစ်တတ်တဲ့
ပုရိဿတို့ ရဲ့ အသဲ
မာယာဒါးနဲ့ ခွဲ
ဝှက်ဝှက်ပြီး
ပုလဲ ကုံးလိုလည်မှာဆွဲ
လက်ရဲဇက်ရဲ
ခွဲခန်းထဲက ဆရာဝန်
သူ့ ကို ဆရာခေါ်လိုက်ရ
အော်....”နှင်းမိုးသူ”သူရယ်။
”နှင်းမိုးသူ” ဆိုတဲ့သူက
ငါ့ကို
မီးခိုးငွေ့ လို
မရေရာဘူးတဲ့လား?
တကယ်တော့ ”သူ”ရယ်
အခိုး အငွေ့ တွေဟာ
နှင်း မိုး သူတို့ အတွက်
အခြေခံအင်အားတွေပါ
”နှင်း မိုး သူ”။
တကယ်ချစ်တတ်တဲ့
ပုရိဿတို့ ရဲ့ အသဲ
မာယာဒါးနဲ့ ခွဲ
ဝှက်ဝှက်ပြီး
ပုလဲ ကုံးလိုလည်မှာဆွဲ
လက်ရဲဇက်ရဲ
ခွဲခန်းထဲက ဆရာဝန်
သူ့ ကို ဆရာခေါ်လိုက်ရ
အော်....”နှင်းမိုးသူ”သူရယ်။
”နှင်းမိုးသူ” ဆိုတဲ့သူက
ငါ့ကို
မီးခိုးငွေ့ လို
မရေရာဘူးတဲ့လား?
တကယ်တော့ ”သူ”ရယ်
အခိုး အငွေ့ တွေဟာ
နှင်း မိုး သူတို့ အတွက်
အခြေခံအင်အားတွေပါ
”နှင်း မိုး သူ”။
Wednesday, May 19, 2010
သောနုတ္ထိုရဲ့ အရှုံး
တပ်ဖွဲ့ ...........ရေ့ ကြည့်..........
တပ်ဖွဲ့ ...........သတိ..
တပ်ဖွဲ့ ... ညာ...........ညှိ။
ကွန်းမန်းသံ
ဆူညံနားထဲ
့ငါ့ဦးခေါင်း(ဂေါင်း)လဲဘယ်စောင်း
သတိကောင်းကောင်းနဲ့ ကြည့်မိ
အလို ဒုက္ခ
မာန အရပ်ကရှည်ရှည်
ပရိယာယ် လက်နက်ကစုံစုံ
မာယာ မျက်နာကများများ
ဘ၀င် ဖိနပ်မြင့်မြင့်စီးထား
ငါ သောနုထ္ထိုရ်
ဘယ်လိုများ ညာညှိရပါ့
ဒုက္ခ...ဒုက္ခ...ဒုက္ခ........။
ခရီးသွားရင်း မျက်လုံးခလုပ်တိုက်မိလို့ 
တပ်ဖွဲ့ ...........သတိ..
တပ်ဖွဲ့ ... ညာ...........ညှိ။
ကွန်းမန်းသံ
ဆူညံနားထဲ
့ငါ့ဦးခေါင်း(ဂေါင်း)လဲဘယ်စောင်း
သတိကောင်းကောင်းနဲ့ ကြည့်မိ
အလို ဒုက္ခ
မာန အရပ်ကရှည်ရှည်
ပရိယာယ် လက်နက်ကစုံစုံ
မာယာ မျက်နာကများများ
ဘ၀င် ဖိနပ်မြင့်မြင့်စီးထား
ငါ သောနုထ္ထိုရ်
ဘယ်လိုများ ညာညှိရပါ့
ဒုက္ခ...ဒုက္ခ...ဒုက္ခ........။
ခရီးသွားရင်း မျက်လုံးခလုပ်တိုက်မိလို့ 
Subscribe to:
Posts (Atom)
