သဘာဝဖွဲ့ စည်းမှု
လူ့ အဖွဲ့ အစည်း
ခရီးခြင်းတူ
နည်းခြင်းလဲတူ
ပဠိပက္ခတိုက်ပွဲအတူတူပဲလေ။
မပြောင်းလဲခြင်းမဟုတ်
ပြောင်းလဲခြင်းသာ သစ္စာ
အခိုင်မာဆုံးပဲ။
စစ်တုရင်တပွဲ
ရှုံးနိပ်သွားလဲ
ဒါ
ထာဝရမှမဟုတ်တာ
ကြည့်လေ
ပင်လယ်ရေတွေဟာ
တခါက အခိုးအငွေ့ ဖြစ်ဖူးခဲ့။
တကယ်တော့
လောကကမာယာမဟုတ်
မာယာကလောကကို
အရောင်ချယ်နေ
ခုတ်ဖဲ့ထုဆစ်နေ။
ရာသီတိုင်းအပူတွေနဲ့ 
လက်ပွန်းတတည်းရှိတဲ့
ပင်လယ်ရေအောက်
ချော်ရည်တွေတောင်
အပြင်းဆုံးပေါက်ကွဲ
အမြင့်ဆုံး ထောင်တက်တတ်တာပဲ။
ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ်တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။
Friday, April 23, 2010
Sunday, April 11, 2010
အတ္တအာသီသများ
မောရင်းပန်းရင်း
လှိုင်းကြမ်းခြင်းကို
တမ်းရင်းတရင်း
အလင်းမဲ့
လင်းလက်တဲ့နေ့ 
ရှင်သန်ရင်းတရွေ့ ရွေ့ ။
လက်မထောင်ရှုံးနိမ့်
အောင်မြင်ရင်းကျဆုံး
အကောင်းဆုံးဆိုတာ
ငါဘာလုပ်ခဲ့ပြီးပြီလဲ။
နိမ့်မြင့်ကွေ့ ကောက်
ဘ၀တလျှာက်မှာ
ငိုရီ(ရယ်)လည့်လည်
ခံစားချက်နယ်ပေါ်
အရမ်းပျော်ပြီးအော်မိတယ်။
နေမင်းခြေကွက်
ရေတွက်ရင်း
သတ်မှတ်ချက်နဲ့ 
နေ့ ရက်တွေကအိုမင်းနေ။
ဟိုနေ့ ကတွေ့ 
ဒီနေ့ မေ့ရမလို
စက္ကန့် တိုင်းလိုလို
ပျို-ပြို-ပျက်
ဒါ သင်္ခါရလက်ချက်လေလား။
နေ့ ရက်များစွာ
ဥတုပူပူ
အရောင်မတူ
လူထူထူကြားထဲ
ပုံတူဆွဲရတာ
ထမင်းစားရေသောက်
ဟိုတခေါက်က
ပုံမတူမူကွဲလို့ 
မျက်နာကြောတင်းတင်း
လျှာခေါက်သံပြင်းပြင်းနဲ့ 
ဖက်လဲတကင်းပြုခြင်းခံခဲ့ရ။
နေ့ တဓူဝ
ရှစ်ရောင်စုံ ချယ်သခံရလို့ 
ကိုယ်ပိုင် အာသီသထဲ
အပြာရောင်ကို
အဖြူရောင်နဲ့ ပွတ်တိုက်ရင်း
အညိုရောင်
အ၀ါရောင် ဖြစ်ဖြစ်သွားချင်ရဲ့ 
အမည်းရောင်စိတ်တန်ခိုးက
ကြိတ်ကြိတ်ပြီးလက်သိပ့်ထိုးတော့
နီကြောင်ကြောင်
လက်ဆောင်တွေသာရလိုက်တယ်။
တတ်နိုင်ပါထူးလေ
ငါက
မြွေတကောင်လို
အရေခွံမှ မလဲနိုင်သေးတာ
ရတာလေးနဲ့ 
ရွာလည်လိုက်အုံးမယ်။
ခရီးသည်ကြီး ၏ ခရီးသွားအတွေ့ အကြုံ။
လှိုင်းကြမ်းခြင်းကို
တမ်းရင်းတရင်း
အလင်းမဲ့
လင်းလက်တဲ့နေ့ 
ရှင်သန်ရင်းတရွေ့ ရွေ့ ။
လက်မထောင်ရှုံးနိမ့်
အောင်မြင်ရင်းကျဆုံး
အကောင်းဆုံးဆိုတာ
ငါဘာလုပ်ခဲ့ပြီးပြီလဲ။
နိမ့်မြင့်ကွေ့ ကောက်
ဘ၀တလျှာက်မှာ
ငိုရီ(ရယ်)လည့်လည်
ခံစားချက်နယ်ပေါ်
အရမ်းပျော်ပြီးအော်မိတယ်။
နေမင်းခြေကွက်
ရေတွက်ရင်း
သတ်မှတ်ချက်နဲ့ 
နေ့ ရက်တွေကအိုမင်းနေ။
ဟိုနေ့ ကတွေ့ 
ဒီနေ့ မေ့ရမလို
စက္ကန့် တိုင်းလိုလို
ပျို-ပြို-ပျက်
ဒါ သင်္ခါရလက်ချက်လေလား။
နေ့ ရက်များစွာ
ဥတုပူပူ
အရောင်မတူ
လူထူထူကြားထဲ
ပုံတူဆွဲရတာ
ထမင်းစားရေသောက်
ဟိုတခေါက်က
ပုံမတူမူကွဲလို့ 
မျက်နာကြောတင်းတင်း
လျှာခေါက်သံပြင်းပြင်းနဲ့ 
ဖက်လဲတကင်းပြုခြင်းခံခဲ့ရ။
နေ့ တဓူဝ
ရှစ်ရောင်စုံ ချယ်သခံရလို့ 
ကိုယ်ပိုင် အာသီသထဲ
အပြာရောင်ကို
အဖြူရောင်နဲ့ ပွတ်တိုက်ရင်း
အညိုရောင်
အ၀ါရောင် ဖြစ်ဖြစ်သွားချင်ရဲ့ 
အမည်းရောင်စိတ်တန်ခိုးက
ကြိတ်ကြိတ်ပြီးလက်သိပ့်ထိုးတော့
နီကြောင်ကြောင်
လက်ဆောင်တွေသာရလိုက်တယ်။
တတ်နိုင်ပါထူးလေ
ငါက
မြွေတကောင်လို
အရေခွံမှ မလဲနိုင်သေးတာ
ရတာလေးနဲ့ 
ရွာလည်လိုက်အုံးမယ်။
ခရီးသည်ကြီး ၏ ခရီးသွားအတွေ့ အကြုံ။
Saturday, April 3, 2010
ရေခဲမှန်စများ
တောကစားတတ်တဲ့
မင်းရဲ့ အသွေးအသား
လှဲ့ စားခြင်းလေနီကြမ်း
ရက်စက်မိုးရမ်းတွေနဲ့ 
အကြင်နာမဲ့စွာ
ငါ့အပေါ်
လူစိတ်ကင်းကင်းနဲ့ ရွာချ
နှလုံးမဲ့လှချည်လား
အသဲမဲ့မိန်းခလေးရယ်။
စပါးကြီးမြွေတကောင်ရဲ့
ညို့ အားအပြည့်မျက်လုံးများနဲ့ 
ပြိုးပြိုးပျက်ပျက်
လင်းလက်နေတဲ့
မင်းမျက်လုံးတွေအောက်
ငါ့အတွက်
လောကကြီးအလင်းပျောက်သွားခဲ့။
မင်းရဲ့ 
မာယာနွံရှင်နက်နက်
ငါရုန်းရင်းနစ်နေခဲ့
မင်းအကိုင်းအခက်အသစ်အတွက်
ငါအဟောင်းဖြစ်သွားလဲ
အလင်းပျောက်မျက်လုံးတွေနဲ့ ငေးမောနေဆဲ
မင်းထားရစ်ခဲ့ပါ
မင်းထွက်ခွါသွားပါ
မင်းစွန့် ပြစ်သွားပါ
နောင်တဆိုတာ
မင်းအတွက်မှမဟုတ်ပေပဲလေ။
ယန္တယားဆန်လွန်း
အစွမ်းထက်မြက်မှုမျိုးနဲ့ 
စကားချွန်ချွန်ထက်မြက်မှုတွေက
ထိရှပွန်းပဲ့လိုက်တာ
ငါ့အသဲ
ငါဘဝ
ရေခဲမှန်တစလို
အစိတ်စိတ်အမွမွ
ကျကြွေကွဲရှလိုက်တာ
နောက်တခါအလွမ်းဖို ဖို့ 
အပိုင်းအစတချို့ တောင်
မကျန်တော့ပါဘူးကွယ်။
ခရီးသည်ကြီးခရီးသွားရင်းခရီးလမ်းပေါ်ကကြားခဲ့တာလေးပါ။
မင်းရဲ့ အသွေးအသား
လှဲ့ စားခြင်းလေနီကြမ်း
ရက်စက်မိုးရမ်းတွေနဲ့ 
အကြင်နာမဲ့စွာ
ငါ့အပေါ်
လူစိတ်ကင်းကင်းနဲ့ ရွာချ
နှလုံးမဲ့လှချည်လား
အသဲမဲ့မိန်းခလေးရယ်။
စပါးကြီးမြွေတကောင်ရဲ့
ညို့ အားအပြည့်မျက်လုံးများနဲ့ 
ပြိုးပြိုးပျက်ပျက်
လင်းလက်နေတဲ့
မင်းမျက်လုံးတွေအောက်
ငါ့အတွက်
လောကကြီးအလင်းပျောက်သွားခဲ့။
မင်းရဲ့ 
မာယာနွံရှင်နက်နက်
ငါရုန်းရင်းနစ်နေခဲ့
မင်းအကိုင်းအခက်အသစ်အတွက်
ငါအဟောင်းဖြစ်သွားလဲ
အလင်းပျောက်မျက်လုံးတွေနဲ့ ငေးမောနေဆဲ
မင်းထားရစ်ခဲ့ပါ
မင်းထွက်ခွါသွားပါ
မင်းစွန့် ပြစ်သွားပါ
နောင်တဆိုတာ
မင်းအတွက်မှမဟုတ်ပေပဲလေ။
ယန္တယားဆန်လွန်း
အစွမ်းထက်မြက်မှုမျိုးနဲ့ 
စကားချွန်ချွန်ထက်မြက်မှုတွေက
ထိရှပွန်းပဲ့လိုက်တာ
ငါ့အသဲ
ငါဘဝ
ရေခဲမှန်တစလို
အစိတ်စိတ်အမွမွ
ကျကြွေကွဲရှလိုက်တာ
နောက်တခါအလွမ်းဖို ဖို့ 
အပိုင်းအစတချို့ တောင်
မကျန်တော့ပါဘူးကွယ်။
ခရီးသည်ကြီးခရီးသွားရင်းခရီးလမ်းပေါ်ကကြားခဲ့တာလေးပါ။
Friday, March 26, 2010
ပိတောက်တခက်နဲ့  ဆုတ်ခွါခဲ့တဲ့ငါ
မြေသင်းရနံ့ 
ထုံဝေပြန့် စေဘို့ 
နွေဦးမိုးက
မတိုးတတိုးလေး
ဆွတ်ဖြန်းရွာစွေ
ငါလေရယ်မောလို့ 
ပိတောက်တွေဆွတ်ခူး
ရွှင်မြူးလို့ ပေါ့။
စူဠသုဘဒ္ဒါ
ငါမဟုတ်ပါပဲ
ခါချဉ်ကောင်တွေ ငါ့မျက်နာမှာခဲလို့ 
စွတ်ပဲကိုက်ခဲကြ
မျက်နာမလှတော့ပေမဲ့
သံလျှက်ဖူးတ၀က်
ပွင့်ချပ်တ၀က်
ပွေ့ ဖက်ရင်းပြေးလွှား
ချစ်သူထံပါးဆီကိုပေါ့။
ဒါပေမဲ့လေ
ခလုပ်မထိ
ဆူးလဲမငြိပါပဲ
ကံကြမ္မာဇောက်ထိုးဆွဲလို့ 
ဟတ်ထိုးလဲခဲ့တာငါ။
ကိုယ့်ထက်ဦးသူက
ကိုယ့်ချစ်ဦးသူကို
ပိတောက်ဦးတွေဆင်လို့ 
ငါ့ရင်မှာလဲ ကျင်လို့ ။
မေတ္တာပြည့်အသဲနဲ့ 
သစ္စာကြယ်လေးငါ
မင်းရဲ့အကျင်နာ
လရိပ်အောက်မှာ
ယာယီခိုမှီခွင့်ရခဲ့
ခုတော့လေ
မျက်နာရောင်ဖူး
ပိတောက်ဦးနဲ့ 
လေးတွဲ့ ခြေလှမ်း
သောကလမ်အတိုင်း
အနောက်ဖက်ကိုဆုတ်ခဲ့ပြီ။
လမ်းအခွဲမှာ
ဝမ်းမနည်းချင်ပေမဲ့
ငါက
သက်မဲ့လူသားမဟုတ်လေတော့။
ခရီးသွားရင်း သူငယ်ချင်းစကားလုံးကို ကျွန်တော်သီကုံးမိတာပါ။
ထုံဝေပြန့် စေဘို့ 
နွေဦးမိုးက
မတိုးတတိုးလေး
ဆွတ်ဖြန်းရွာစွေ
ငါလေရယ်မောလို့ 
ပိတောက်တွေဆွတ်ခူး
ရွှင်မြူးလို့ ပေါ့။
စူဠသုဘဒ္ဒါ
ငါမဟုတ်ပါပဲ
ခါချဉ်ကောင်တွေ ငါ့မျက်နာမှာခဲလို့ 
စွတ်ပဲကိုက်ခဲကြ
မျက်နာမလှတော့ပေမဲ့
သံလျှက်ဖူးတ၀က်
ပွင့်ချပ်တ၀က်
ပွေ့ ဖက်ရင်းပြေးလွှား
ချစ်သူထံပါးဆီကိုပေါ့။
ဒါပေမဲ့လေ
ခလုပ်မထိ
ဆူးလဲမငြိပါပဲ
ကံကြမ္မာဇောက်ထိုးဆွဲလို့ 
ဟတ်ထိုးလဲခဲ့တာငါ။
ကိုယ့်ထက်ဦးသူက
ကိုယ့်ချစ်ဦးသူကို
ပိတောက်ဦးတွေဆင်လို့ 
ငါ့ရင်မှာလဲ ကျင်လို့ ။
မေတ္တာပြည့်အသဲနဲ့ 
သစ္စာကြယ်လေးငါ
မင်းရဲ့အကျင်နာ
လရိပ်အောက်မှာ
ယာယီခိုမှီခွင့်ရခဲ့
ခုတော့လေ
မျက်နာရောင်ဖူး
ပိတောက်ဦးနဲ့ 
လေးတွဲ့ ခြေလှမ်း
သောကလမ်အတိုင်း
အနောက်ဖက်ကိုဆုတ်ခဲ့ပြီ။
လမ်းအခွဲမှာ
ဝမ်းမနည်းချင်ပေမဲ့
ငါက
သက်မဲ့လူသားမဟုတ်လေတော့။
ခရီးသွားရင်း သူငယ်ချင်းစကားလုံးကို ကျွန်တော်သီကုံးမိတာပါ။
ငါ့ရင်ပြင် တုန်ဟီး
ကောင်မလေးရေ .....
မင်းရဲ့ 
နီတတနှင်းဆီရောင်
လေးကိုင်းနုတ်ခမ်းလွှာက
ရုန်းကြွရှေ့ ရှု
ဒြပ်မဲ့စုမျှားတံတွေ
င့ါ ရင်မှာစုခဲစိုက်
မူးမိုက်လောက်အောင်
ဝေဒနာတွေတည်စေခဲ့။
လက်တဆုပ်ရေကြည်
တည်နေပါလို့ 
ငါမဆိုချင်ပါဘူး
လှုပ်ရှားမှုနဲ့ တုန်ခါမှု
ဂဟေပြုနေကြလေတော့။
ကောင်မလေးရေ.....
ငါမပိုင်တဲ့ကံကြမ္မာကို
လာဒ်ထိုးတောင်းပန်လို့ ရရင်
ရေခဲမှန်တချပ်
ကျကွဲသွားသလို
ငါ့ ရင်တွေမကွဲပါရစေနဲ့ ပေါ့။
ခုတော့မင်းပြောခဲ့စကားသံ
အဖန်ဖန်ပဲ့တင်
ငါရင်ပြင်တုန်ဟီး
မီးတောင်ကြီးတခုလိုပါပဲကွယ်။
ခရီးသည်ကြီး၏ ရင်ဘတ်ကျကွဲသံမဟုတ်ရပါ။
မင်းရဲ့ 
နီတတနှင်းဆီရောင်
လေးကိုင်းနုတ်ခမ်းလွှာက
ရုန်းကြွရှေ့ ရှု
ဒြပ်မဲ့စုမျှားတံတွေ
င့ါ ရင်မှာစုခဲစိုက်
မူးမိုက်လောက်အောင်
ဝေဒနာတွေတည်စေခဲ့။
လက်တဆုပ်ရေကြည်
တည်နေပါလို့ 
ငါမဆိုချင်ပါဘူး
လှုပ်ရှားမှုနဲ့ တုန်ခါမှု
ဂဟေပြုနေကြလေတော့။
ကောင်မလေးရေ.....
ငါမပိုင်တဲ့ကံကြမ္မာကို
လာဒ်ထိုးတောင်းပန်လို့ ရရင်
ရေခဲမှန်တချပ်
ကျကွဲသွားသလို
ငါ့ ရင်တွေမကွဲပါရစေနဲ့ ပေါ့။
ခုတော့မင်းပြောခဲ့စကားသံ
အဖန်ဖန်ပဲ့တင်
ငါရင်ပြင်တုန်ဟီး
မီးတောင်ကြီးတခုလိုပါပဲကွယ်။
ခရီးသည်ကြီး၏ ရင်ဘတ်ကျကွဲသံမဟုတ်ရပါ။
တမ်းတမိတဲ့ အကြည့်လေးတချက်
ချစ်ရတဲ့သူရေ
မင်းဟာ
ငါ့ဘ၀မှာ
နေ့ နေ့ ညည
အရိပ်ကျနေပါလားကွယ်။
ငါ
မင်းရဲ့ အပေါ်
စွဲလမ်းမိခြင်းက
ခြစ်ခြစ်တောက်ပူပြင်း
အိုးကင်းပေါ်ကျမိတဲ့
သားတစ်တတုံးလို
ခွါမရလောက်အောင်
စွဲမက်ကပ်ငြိခြင်းမျိုးနဲ့ ပေါ့။
ငါလေ
မင်းအတွက်
မုန်းဖို့ ကျိုးစားမိတဲ့
စိတ်ကိုတောင်မုန်းမိတယ်။
မင်းရဲ့ သန်လျက်နုတ်ခမ်းက
အမုန်းခွန်အားတွေနဲ့ 
ပစ်ပေါက်လိုက်တဲ့
စကားချွန်ချွန်ဒါးသွားတွေ
မေတ္တာစွမ်းအား
ကြီးမားလှတဲ့
ငါ့အပြာရောင်အသဲပြင်
အစီအရီစိုက်ဝင်သွားပါစေ
အချစ်ဆုံးပေးတဲ့အမွေမို့ 
တမလွန်ဘ၀တိုင်
ထွေးပိုက်သိမ်းဆည်းသွားပ့ါမယ်။
ငါ့ရဲ့ 
အသဲဝေဒနာတွေ
မပွင့်ပဲကြွေခဲ့ရတယ်
ကံကိုပဲငြိုးရမလား
ငါကပဲ အရုပ်ဆိုးလို့ လား။
မင်းလေးက
အမျက်ထွက်လို့ 
ရက်စက်ရင်တောင်
ပါရမီဖြည့်ဖို့ 
လည်စင်းဝံ့သူပါ။
မဆုံးသေးတဲ့
သံသရာတကွေ့ မှာ
ကံကြုံလို့ မင်းနဲ့ ပြန်ဆုံဖြစ်ရင်
မင်းရဲ့ 
အကျင်နာ တစက်
အကြည့်တချက်ရရင်
ဖြည့်ချက်ပါရမီ
ပြည့်စုံပါပြီကွယ်။


ခရီးသွားရင်း သူငယ်ချင်းဖြစ်သွားတဲ့ သူငယ်ချင်းတယောက်ရဲ့ရင်ဘတ်ကျကွဲသံတွေပေါ့။
မင်းဟာ
ငါ့ဘ၀မှာ
နေ့ နေ့ ညည
အရိပ်ကျနေပါလားကွယ်။
ငါ
မင်းရဲ့ အပေါ်
စွဲလမ်းမိခြင်းက
ခြစ်ခြစ်တောက်ပူပြင်း
အိုးကင်းပေါ်ကျမိတဲ့
သားတစ်တတုံးလို
ခွါမရလောက်အောင်
စွဲမက်ကပ်ငြိခြင်းမျိုးနဲ့ ပေါ့။
ငါလေ
မင်းအတွက်
မုန်းဖို့ ကျိုးစားမိတဲ့
စိတ်ကိုတောင်မုန်းမိတယ်။
မင်းရဲ့ သန်လျက်နုတ်ခမ်းက
အမုန်းခွန်အားတွေနဲ့ 
ပစ်ပေါက်လိုက်တဲ့
စကားချွန်ချွန်ဒါးသွားတွေ
မေတ္တာစွမ်းအား
ကြီးမားလှတဲ့
ငါ့အပြာရောင်အသဲပြင်
အစီအရီစိုက်ဝင်သွားပါစေ
အချစ်ဆုံးပေးတဲ့အမွေမို့ 
တမလွန်ဘ၀တိုင်
ထွေးပိုက်သိမ်းဆည်းသွားပ့ါမယ်။
ငါ့ရဲ့ 
အသဲဝေဒနာတွေ
မပွင့်ပဲကြွေခဲ့ရတယ်
ကံကိုပဲငြိုးရမလား
ငါကပဲ အရုပ်ဆိုးလို့ လား။
မင်းလေးက
အမျက်ထွက်လို့ 
ရက်စက်ရင်တောင်
ပါရမီဖြည့်ဖို့ 
လည်စင်းဝံ့သူပါ။
မဆုံးသေးတဲ့
သံသရာတကွေ့ မှာ
ကံကြုံလို့ မင်းနဲ့ ပြန်ဆုံဖြစ်ရင်
မင်းရဲ့ 
အကျင်နာ တစက်
အကြည့်တချက်ရရင်
ဖြည့်ချက်ပါရမီ
ပြည့်စုံပါပြီကွယ်။


ခရီးသွားရင်း သူငယ်ချင်းဖြစ်သွားတဲ့ သူငယ်ချင်းတယောက်ရဲ့ရင်ဘတ်ကျကွဲသံတွေပေါ့။
ဒေါင့်များစွာထဲက ငြိမ်းချမ်းခြင်းအတွက်
မင်းဒေါင့်က မင်းမှန်
အနားမညီတဲ့
ဒေါင့်မှန်တွေရဲ့ ကြား
မင်းမှန်ပိုင်ခွင့်ရှိပြီးသားပါ။
အဖြူ ကလဲမှန်
အမဲ(မည်း) ကလဲမှန်
အရှည် ကလဲမှန်
အတို ကလဲမှန်
အပိန်ကလဲမှန်
အ၀ ကလဲမှန်
ပုတ်အဲ့အဲ့အနံ့ ကလဲမှန်
မွှေးကြူကြိုင်လှိုင်တဲ့အနံ့ ကလဲမှန်
လောက်ဇူး ကလဲမှန်
သေးလီ ကလဲမှန်
ကွန်ဖြူရှပ် ကလဲမှန်
ပိုက်သဂိုရပ် ကလဲမှန်
အိုင်းစတိုင်း ကလဲမှန်
ဗြောင်းဆန်အောင်မှန်
ရုန်းရင်း ဆန်ခတ်မှန်နေကြားထဲ
ဇာတ်ဝင်ခန်းများစွာနဲ့ 
ဇာတ်ဆရာရဲ့ ဇာတ်ကွက်အတိုင်း
တခန်းဝင်တခန်းထွက်
တဇာတ်ပြီးတဇာတ်က
နေ့ ညတွေ ဟိုး မှာကျန်ခဲ့။ ။
နေရာပေါင်းများစွာ
သက္ကရာဇ်ပေါင်းများစွာ
စရိုက်ပေါင်းများစွာ
ကရင်း ပြရင်း
တရက်ခြင်း အသက်ရှည်
ကြာလာတော့
ကိုယ်ပိုင်စရိုက်
ခလုပ်တိုက်ပြီးပျောက်ဆုံးခဲ့
နောက်ဆုံးတော့ နီးရာစရိုက်နဲ့ 
အသက်ရှင်ရင်း
နေထိုင်ရင်း
ကြီးပြင်းရင်း
-------ရင်း
ဘ၀နဲ့ ရင်းပြီး
ငြိမ်းချမ်းခြင်းမြေတကွက်
ဝယ်ဖြစ်သွားတယ်။ ။
အကိုကြီး(ကိုသောင်းဟန်)အားရည်စူးပါ၏။
အနားမညီတဲ့
ဒေါင့်မှန်တွေရဲ့ ကြား
မင်းမှန်ပိုင်ခွင့်ရှိပြီးသားပါ။
အဖြူ ကလဲမှန်
အမဲ(မည်း) ကလဲမှန်
အရှည် ကလဲမှန်
အတို ကလဲမှန်
အပိန်ကလဲမှန်
အ၀ ကလဲမှန်
ပုတ်အဲ့အဲ့အနံ့ ကလဲမှန်
မွှေးကြူကြိုင်လှိုင်တဲ့အနံ့ ကလဲမှန်
လောက်ဇူး ကလဲမှန်
သေးလီ ကလဲမှန်
ကွန်ဖြူရှပ် ကလဲမှန်
ပိုက်သဂိုရပ် ကလဲမှန်
အိုင်းစတိုင်း ကလဲမှန်
ဗြောင်းဆန်အောင်မှန်
ရုန်းရင်း ဆန်ခတ်မှန်နေကြားထဲ
ဇာတ်ဝင်ခန်းများစွာနဲ့ 
ဇာတ်ဆရာရဲ့ ဇာတ်ကွက်အတိုင်း
တခန်းဝင်တခန်းထွက်
တဇာတ်ပြီးတဇာတ်က
နေ့ ညတွေ ဟိုး မှာကျန်ခဲ့။ ။
နေရာပေါင်းများစွာ
သက္ကရာဇ်ပေါင်းများစွာ
စရိုက်ပေါင်းများစွာ
ကရင်း ပြရင်း
တရက်ခြင်း အသက်ရှည်
ကြာလာတော့
ကိုယ်ပိုင်စရိုက်
ခလုပ်တိုက်ပြီးပျောက်ဆုံးခဲ့
နောက်ဆုံးတော့ နီးရာစရိုက်နဲ့ 
အသက်ရှင်ရင်း
နေထိုင်ရင်း
ကြီးပြင်းရင်း
-------ရင်း
ဘ၀နဲ့ ရင်းပြီး
ငြိမ်းချမ်းခြင်းမြေတကွက်
ဝယ်ဖြစ်သွားတယ်။ ။
အကိုကြီး(ကိုသောင်းဟန်)အားရည်စူးပါ၏။
Subscribe to:
Posts (Atom)