Friday, March 26, 2010

ငါ့ရင်ပြင် တုန်ဟီး

ကောင်မလေးရေ .....
မင်းရဲ့ 
နီတတနှင်းဆီရောင်
လေးကိုင်းနုတ်ခမ်းလွှာက
ရုန်းကြွရှေ့ ရှု
ဒြပ်မဲ့စုမျှားတံတွေ
င့ါ ရင်မှာစုခဲစိုက်
မူးမိုက်လောက်အောင်
ဝေဒနာတွေတည်စေခဲ့။

လက်တဆုပ်ရေကြည်
တည်နေပါလို့ 
ငါမဆိုချင်ပါဘူး
လှုပ်ရှားမှုနဲ့ တုန်ခါမှု
ဂဟေပြုနေကြလေတော့။

ကောင်မလေးရေ.....
ငါမပိုင်တဲ့ကံကြမ္မာကို
လာဒ်ထိုးတောင်းပန်လို့ ရရင်
ရေခဲမှန်တချပ်
ကျကွဲသွားသလို
ငါ့ ရင်တွေမကွဲပါရစေနဲ့ ပေါ့။

ခုတော့မင်းပြောခဲ့စကားသံ
အဖန်ဖန်ပဲ့တင်
ငါရင်ပြင်တုန်ဟီး
မီးတောင်ကြီးတခုလိုပါပဲကွယ်။

ခရီးသည်ကြီး၏ ရင်ဘတ်ကျကွဲသံမဟုတ်ရပါ။

No comments:

Post a Comment