Sunday, March 7, 2010
ရင်မှာရွာသော.မိုး....
အားကောင်းမောင်းသန်
ဗြောင်းဆန်အောင်ကြီးထွား
မင်းရူပါရုံများနဲ့ 
ကျဲစိုက်သွားတဲ့ ပန်းတခင်း
ငါ့ရင်တွင်းမှာ
သင်းသင်းကြိုင်ကြိုင်
ဖက်ပြိုင်သူကင်းလို့ ပေါ့။
မတူမတန်
အယူမမှန်
တယူသန်အစွဲနဲ့ 
မာန်မဲငေါက်ငန်း
ခပ်ကြမ်းကြမ်း
လျှောက်လှမ်းသွားတဲ့မင်း။
ငါမပိုင်တဲ့ ကကြမ္မာကို
စစ်မကြေညာတော့ပါဘူး။
ဥပက္ခာဆန်တဲ့၊ အက်စစ်မိုး
ငါ့ရင်ထဲမှာ
ဝုန်းဒိုင်းကျဲ ရွာသွန်းဖြိုးလဲ(လည်း)
လက္ခဏအသဲနဲ့ 
ရင်ထဲကြိတ်မှိတ်
သည်းခံစိတ်နဲ့ ဆက်ချစ်နေမယ်။
သွားရင်းလာရင်း
သူငယ်ချင်းတယောက်ရဲ့ ခိုတကောင်လိုအသံကိုဘာသာပြန်ထားတာပါ။
4 comments:
  1. မတူမတန်
    အယူမမှန်
    တယူသန်အစွဲနဲ့ 
    မာန်မဲငေါက်ငန်း
    ခပ်ကြမ်းကြမ်း
    လျှောက်လှမ်းသွားတဲ့မင်း။
    ငါမပိုင်တဲ့ ကကြမ္မာကို
    စစ်မကြေညာတော့ပါဘူး။
    သူငယ်ချင်းရဲ့ခိုညည်းသံလား ခရီးသည်ကြီးရဲ့အသဲကွဲကဗျာလားလို့
    ဟဲဟဲ
    ReplyDelete
  2. မတူမတန်
    အယူမမှန်
    တယူသန်အစွဲနဲ့ 
    မာန်မဲငေါက်ငန်း
    ခပ်ကြမ်းကြမ်း
    လျှောက်လှမ်းသွားတဲ့မင်း။
    ဒါဆိုလည်း၊ဖြောင့်တန်းတဲ့ လက်သီးတလုံးကြွေးလိုက်ပေါ့။
    နောက်တာပါ၊ကြွေနေမဲ့အစား၊ဖြေစရာရှာပါလားလို့ တိုက်တွန်းချင်တယ်။
    ReplyDelete
  3. ဥပက္ခာဆန်တဲ့၊ အက်စစ်မိုး
    ငါ့ရင်ထဲမှာ
    လက္ခဏအသဲနဲ့ 
    ရင်ထဲကြိတ်မှိတ်
    သည်းခံစိတ်နဲ့ ဆက်ချစ်နေမယ်။
    သည်းခံစိတ်နဲ့ ဆက်ချစ်ပါ ဆက်ချစ်ပါ
    ReplyDelete