Sunday, March 21, 2010

ကိုယ့်တီးလုံးနဲ့ လမ်းလျှောက်ခြင်း

တောက်တဲ့နဲ့ 
တစ်တေတူးတို့ ကြား
ဥဩငှက်အလားဖြစ်လိုက်ချင်ရဲ့ 
တခါတလေ
ပုတ်သင်ညိုဖြစ်လိုက်ချင်ရဲ့ 
ကိုယ့်တီးလုံးနဲ့ ကိုယ်
ကခုန်တတ်တဲ့ ဖါးဂုန်ညှင်းဖြစ်လိုက်ချင်ရဲ့ ။

မနက်ဖြန်အတွက်စဉ်းစားရင်း
ငါဖျင်းဖျင်းလာခဲ့
ငါ့ခြေတောက်နှင့်ငါလမ်းလျှောက်ရင်း
သူ့ ခရီးကိုရောက်ရောက်သွားခဲ့
ငါ့ဦးနောက်ငါစဉ်းစားရင်း
သူ့ ဆုံးဖြတ်ချက်ကို
ခေါင်းငြိမ့်ထောက်ခံရခဲ့
ဤကိုကျွဲလို့ 
အသံထွက်ဖတ်ပေးရခဲ့
ဒါလောကရဲ့ 
မျက်လည့်လေလား
လိုအပ်ချက်လေလား
ပေါ့ပါးပျော်ပါးရင်း
လွှင့်ပါးလာလိုက်တာ
ကြက်သွန်ခွံလောက်ကျန်
အနေထားအမှန်ကိုသိလိုက်ရတဲ့အချိန်
ရေတိမ်မှာနခေါင်းမပေါ်တပါ်။

နောင်တတွေကို
ခရေလိုသီကုံး
မမလေးကပြုံးနိုင်ပေမဲ့
မောင်လေးငါက
အနာတရကျီးကန်းတကောင်လို
အသံမြည်လိုက်ချင်ရဲ့ 
ငါကိုယ်ငါပဲထုဆစ်ရမပေါ့။

မမှန်တဲ့အချိန်ကိုစစ်ကြည့်
မှားချိန်ကများလိုက်ပါဘိ
နေမင်းကြီးတောင်ညိုရီရီ
စိတ်ကြေးစည်
ဓမ္မတေးမြည်ဘို့ ဆိုပေမဲု့
သေချာတာက
ငါ့တရားနဲ့ ငါ
သေရာသွားရမှပါ။

7 comments:

  1. ဤကိုကျွဲလို့ 
    အသံထွက်ဖတ်ပေးရခဲ့
    ဒါလောကရဲ့ 
    မျက်လည့်လေလား
    လိုအပ်ချက်လေလား

    ကဗျာခေါင်းစဉ် မြင်တော့ ပထမ လန့်သွားတယ်။
    ဖတ်ကြည့်တော့တပုဒ်လုံးကောင်းတယ်။
    ကဗျာဆရာရေ့ 
    စကားလုံးတွေတအားလှတယ်။

    ReplyDelete
  2. ကဗျာ စာလုံး အထားအသို လှတယ်ဗျာ

    ReplyDelete
  3. နေမင်းနီဆီ ဝင်လည်ရင်း ဆိုက်လေးတွေ့လို့ လာလည်တယ်ဗျာ
    ကဗျာတွေကောင်းတယ်ဗျာ
    အတွေးရော စာသားတွေရောကြိုက်တယ်။

    ReplyDelete
  4. ဖါးခုန်ညှင်းကို ကိုလုံးတီးလို့ညွှန်းတာကိုးးးးးးးး
    တွေးသွားတယ်

    ReplyDelete
  5. ကဗျာတွေခံစားသွားပါတယ်

    ReplyDelete
  6. ခရီးသည်ကြီး ခရီးထွက်ရတာမောနေပြီလား
    ကဗျာတွေရေးပြီးအမောဖြေနေတယ်ပေါ့လေ

    ReplyDelete
  7. အားပေးတဲ့သူတွေရှိနေလည်း မမောပါထူးဗျာ

    ReplyDelete