Sunday, April 11, 2010

အတ္တအာသီသများ

မောရင်းပန်းရင်း
လှိုင်းကြမ်းခြင်းကို
တမ်းရင်းတရင်း
အလင်းမဲ့
လင်းလက်တဲ့နေ့ 
ရှင်သန်ရင်းတရွေ့ ရွေ့ ။

လက်မထောင်ရှုံးနိမ့်
အောင်မြင်ရင်းကျဆုံး
အကောင်းဆုံးဆိုတာ
ငါဘာလုပ်ခဲ့ပြီးပြီလဲ။

နိမ့်မြင့်ကွေ့ ကောက်
ဘ၀တလျှာက်မှာ
ငိုရီ(ရယ်)လည့်လည်
ခံစားချက်နယ်ပေါ်
အရမ်းပျော်ပြီးအော်မိတယ်။

နေမင်းခြေကွက်
ရေတွက်ရင်း
သတ်မှတ်ချက်နဲ့ 
နေ့ ရက်တွေကအိုမင်းနေ။

ဟိုနေ့ ကတွေ့ 
ဒီနေ့ မေ့ရမလို
စက္ကန့် တိုင်းလိုလို
ပျို-ပြို-ပျက်
ဒါ သင်္ခါရလက်ချက်လေလား။

နေ့ ရက်များစွာ
ဥတုပူပူ
အရောင်မတူ
လူထူထူကြားထဲ
ပုံတူဆွဲရတာ
ထမင်းစားရေသောက်
ဟိုတခေါက်က
ပုံမတူမူကွဲလို့ 
မျက်နာကြောတင်းတင်း
လျှာခေါက်သံပြင်းပြင်းနဲ့ 
ဖက်လဲတကင်းပြုခြင်းခံခဲ့ရ။

နေ့ တဓူဝ
ရှစ်ရောင်စုံ ချယ်သခံရလို့ 
ကိုယ်ပိုင် အာသီသထဲ
အပြာရောင်ကို
အဖြူရောင်နဲ့ ပွတ်တိုက်ရင်း
အညိုရောင်
အ၀ါရောင် ဖြစ်ဖြစ်သွားချင်ရဲ့ 
အမည်းရောင်စိတ်တန်ခိုးက
ကြိတ်ကြိတ်ပြီးလက်သိပ့်ထိုးတော့
နီကြောင်ကြောင်
လက်ဆောင်တွေသာရလိုက်တယ်။

တတ်နိုင်ပါထူးလေ
ငါက
မြွေတကောင်လို
အရေခွံမှ မလဲနိုင်သေးတာ
ရတာလေးနဲ့ 
ရွာလည်လိုက်အုံးမယ်။


ခရီးသည်ကြီး ၏ ခရီးသွားအတွေ့ အကြုံ။

2 comments:

  1. ခရီးသည်ကြီး ခရီးထွက်ရင်း အားတင်းမှပေါ့။
    အရေခွံမလဲနိုင်လည်းဘာဖြစ်လဲ

    ReplyDelete
  2. စာသားတွေကတော့ လန်းတယ်
    ကဗျာဖွဲ့ တာကျစ်လစ်တယ်

    ReplyDelete