Saturday, April 3, 2010

ရေခဲမှန်စများ

တောကစားတတ်တဲ့
မင်းရဲ့ အသွေးအသား
လှဲ့ စားခြင်းလေနီကြမ်း
ရက်စက်မိုးရမ်းတွေနဲ့ 
အကြင်နာမဲ့စွာ
ငါ့အပေါ်
လူစိတ်ကင်းကင်းနဲ့ ရွာချ
နှလုံးမဲ့လှချည်လား
အသဲမဲ့မိန်းခလေးရယ်။

စပါးကြီးမြွေတကောင်ရဲ့
ညို့ အားအပြည့်မျက်လုံးများနဲ့ 
ပြိုးပြိုးပျက်ပျက်
လင်းလက်နေတဲ့
မင်းမျက်လုံးတွေအောက်
ငါ့အတွက်
လောကကြီးအလင်းပျောက်သွားခဲ့။

မင်းရဲ့ 
မာယာနွံရှင်နက်နက်
ငါရုန်းရင်းနစ်နေခဲ့
မင်းအကိုင်းအခက်အသစ်အတွက်
ငါအဟောင်းဖြစ်သွားလဲ
အလင်းပျောက်မျက်လုံးတွေနဲ့ ငေးမောနေဆဲ
မင်းထားရစ်ခဲ့ပါ
မင်းထွက်ခွါသွားပါ
မင်းစွန့် ပြစ်သွားပါ
နောင်တဆိုတာ
မင်းအတွက်မှမဟုတ်ပေပဲလေ။

ယန္တယားဆန်လွန်း
အစွမ်းထက်မြက်မှုမျိုးနဲ့ 
စကားချွန်ချွန်ထက်မြက်မှုတွေက
ထိရှပွန်းပဲ့လိုက်တာ
ငါ့အသဲ
ငါဘဝ
ရေခဲမှန်တစလို
အစိတ်စိတ်အမွမွ
ကျကြွေကွဲရှလိုက်တာ
နောက်တခါအလွမ်းဖို ဖို့ 
အပိုင်းအစတချို့ တောင်
မကျန်တော့ပါဘူးကွယ်။

ခရီးသည်ကြီးခရီးသွားရင်းခရီးလမ်းပေါ်ကကြားခဲ့တာလေးပါ။

No comments:

Post a Comment