Saturday, February 27, 2010

ကောင်မလေးရေ

ကောင်မလေးရေ
မင်းမပေးပေမဲ့
ငါ ပိုင်ဆိုင်စွာရလိုက်တယ်။

မင်းရဲ့ သစ္စာတွေက
ငါ့အတွက်
အသဲဟက်တက်နဲ့ 
သွေးကြောတလျှောက်
ခုန်ပေါက်ဒုန်းစိုင်း
စက္ကန့် တိုင်းလိုလို
အာရုံသိဝေဒနာတွေပေါ့။

ကောင်မလေးရေ
သမုဒယဆိုတာနဲ့ 
ငါကမင်းအပေါ်
အရေပျော်ဝင်ရင်း
ယုယုယယအမြစ်တွယ်ခဲ့တဲ့
ငါ့ရဲ့ သံယောဇဉ်
မင်းကိုအပြစ်မမြင်ပါဘူးကွယ်။

ငါနဲ့ မနက်ဖန်များစွာ

ဘ၀ရဲ့ စာမျက်နာများကို
လက်တံမပါတဲ့နာရီက
တူတလက်ရဲ့ လက်ကိုင်ရိုးပါးသလို
လုံးပါးပါးရင်း ပျောက်ရှုံး
နောက်ဆုံးတော့
အပွန်းအပဲ့ဒါဏ်ရာသာကျန်ခဲ့တယ်။
Photobucket
ကောင်းကင်စွန်ဖျား
ပျံသွားနိုင်တဲ့
မင်္ဂငှက်ရှစ်ဖေါ်
သိပါသော်လည်း
ငါနဲ့ မတော်
ချော်ချော်ပြီးကျရ
တဘ၀တောင်မကတော့ဘူး။

ဆန္ဒက
အပေါင်းနဲ့ ပေါင်းချင်
ဘ၀က
အနုတ်နဲ့ ပေါင်းခံရ
သိလိုက်တာက
ပေါင်းနုတ်မြှောက်စား
သူတို့ ကြားထဲ
ငါ
သတ္တုမြွေတကောင်လို
လရောင်ကိုအဖေါ်ပြု
အမှောင်ထုကိုအံတုရင်း
မဆုံးသေးတဲ့ခရီးပြင်းတခု
ဂျုံးဂျုံးဂျက်ဂျက်
ရှူးရှူးရှဲရှဲ
အော်ဟစ်ရင်း
မာန်တင်းရင်း
ချီတက်ရင်းဖြင့်
ငါနဲ့ မနက်ဖန်များစွာ။

Tuesday, February 23, 2010

အလင်္ကာဆန်သောပန်းများ

ဥတုနို့ ရည်
သောက်စို့ တည်ကာ
နေခြည်ကြွရွ
ဖူးပွင့်လှသည့်
ရောင်နီလှဖြင့်
လှပဝေဆာပန်းတို့ ကမ္ဘာ။

ပင်ယံမြင့်ထက်
တင့်တယ်ရောင်စုံ
အငုံအဖူး
ဝတ်ရည်မြူးကြွ
လောကအလှဆင်မြန်းနေ။

လေသရမ်းလည်း
ကြမ်းထမ်းယုတ်စွ
ရိုးတံကျသည်
ဘ၀နိဂုံး
ဆုံးရှုံးပျက်ယွင်း
ပန်းခင်းလည်းကြွေ လိပ်ပြာလေ။

ခရီးဆန့် ရင်း တွေ့ ခဲ့တဲ့ပန်းခင်းလေး။

လောက ချားရဟတ်ပေါ်မှာ

အသက်ကလေးရှူ
ငါ လူတယောက်ဖြစ်တယ်
ဒါ
အဖေ-အမေ
အသေချာပေးတဲ့အမွေ
ဒီလိုနဲ့ 
အဖေ-မေ
ဆုံးမထုဆစ်
သက္ကရာဇ်တွေ
ရေတွက်ကြည့်တော့
ပြက္ခဒိန်တွေက
လေးဆယ့်နှစ်ကြိမ်တောင်
ပန်းဝင်ပြီးသွားပြီ။

အဲ
လမ်းချော်ပြီး
တမင်တကာ ရောက်လာတဲ့
ကံကြမ္မာ
မညှာမတာ
အဖေနဲ့ အမေကိုမှ
ရွေးထုပ်ယူငင်
မရဏသခင်ဆီပို့ 
ငါ့-ဘ၀မှာမုန်တိုင်းဆင်လို့ ပေါ့။

ဝန်းကျင်
ဘေဂဗေဒဆန်တဲ့လင်းလက်မျက်လုံးများ
သံတမန်ဗေဒဆန်တဲ့တွန့် လိမ်အပြုံးများ
အတိဿယပြောင်မြောက်တဲ့စကားလုံးတွေကြား
အမေ့သား-မျက်နာဖုံးတပ်ရတာညောင်းတယ်။

မိတ္တဗလဋိကာ
မလေ့လာမိတဲ့သား
ပေါင်းနုတ်မြောက်စား
လူတွေကြားထဲမှာ
အချိန်ရေတိုက်စားလို့ 
ပြိုသူပြိုလဲသူလဲ
နစ်ခဲ့သူတွေကမနည်း။

ကျင်လည်နေရတာက
ကိုယ်ရည်သွေးတီးလုံးတွေနဲ့ 
ကခုန်နေကြသူတွေ။

တကယ်တော့
ပခုံးနှစ်ဖက်နဲ့ လူ
နှခေါင်းနှင့်အသက်ရှု
အတူတူပါပဲ
ခေါင်း(ဂေါင်း)မော့ ခါးထောက်
ဖနောင့်မြောက်ကြွ
မာန်လျှော့ကြဖို့ ကောင်းတယ်။

မွေး နေ သေ ကြ
တြိဂံဘ၀ကို
အနူးညံ့ဆုံး
ရီသံအသစ်တွေနဲ့ 
မနက် မျက်နာသစ်တိုင်း
နှလုံးသားတွေကို
သန့် စင် သုတ်သင်ဘို့ ကောင်တယ်။

Monday, February 15, 2010

နှစ်ဆယ့်ငါးနှစ်ကျော်ရွှေရောင်ညနေခင်း

ဆည်းဆာရွှေအို
တေးဆိုနုတ်ဆက်
ပွေ့ ဖက်တို့ ထိ
နူးအိတဲ့လေညင်း
ရနံ့ သင်းသင်းဆောင်လာတယ်။

ဆောင်းပျိုလေနု
ကယုကယင်
ရွှေရင်လှုပ်ခတ်
ယိမ်းကတတ်တဲ့စပါးခင်း
ရွှေအဆင်းနဲ့ တမျော်တခေါ်
အနာဂါတ်ကိုမျော်နေလေရဲ့ ။

ကြွရွခြေလှမ်း
ရွလယ်လမ်းက
အေးချမ်းတဲ့မျက်နာ
သာယာတဲ့အသံနဲ့ 
ဒို့ ရွာရှေ့ ဖျား
ငြိမ့်ညံညံပေါ်လာ
ကမ်းနားစပ်မှာရေခပ်ဆင်းကြ
ယမင်းပျိုတတွေ
သီချင်းဆိုရင်းပျော်ရွှင်နေ။

ရွာအလှသာယာစွ
ကမ္ဘာအလှအေးမြပေါ့
ဒို့ ရွာအဆင်းမြမြက်ခင်းနဲ့ 
ရွှေဝင်းရွှေအိုတေးဆိုတသင်း
ပျော်ရင်းလှုပ်ရှား
တအားသစ်နဲ့ ရွာမြေကို
သာစေရာမှကမ္ဘာလှအောင်
စွမ်းဆောင်နေ။

စက္ကန့် အမျှပူမိခြင်း

မီးကိုထိ-ရှိ
ပူမိပြီဗျို့ ။

Photobucket

ခရီးသွားရင်း မမြင်ရတဲ့ မီး လောင်နေသူတချို့ တွေ့ မိလို့ ပါ။

အာကာသမဲ့ပျံသန်းနေမိခြင်း

တဏှာဆိုတဲ့အိမ်ထဲ
အ၀ိဇ္ဖာလက်တွဲရင်း
အတ္တအချို့ နဲ့ မာနရောစပ်
လောဘတွေကို
တခွက်ပြီးတခွက်မျိုချ
ဒေါသအမြည်းကိုကောက်စား
မူးရစ်ခြင်းနဲ့ေ၀၀ါး
မှားလားမှန်လား
ငါ စဉ်းစားရင်း
ဥပဒေရဲ့ အပြင်ဖက်
ထွက်ထွက်သွားမိ
ငါ .........တွေ့ လိုက်
ငါ .....ပျောက်လိုက်
ငါ .....ပြန်တွေ့ လိုက်
ငါနဲ့ ငါကြား
ဗျာများနေသောငါ။

ဒီလိုနဲ့ 
နေမင်းရဲ့ ခြေရာတွေရေတွက်
မေ့လျော့ခြင်းတွေကမကြာခဏဖြစ်။

ဒါပေမဲ့
အဆုံးမဲ့ကောင်းကင်ထဲ
ကြယ်ငှက်တွေကပျံသန်းနေဆဲပဲ
သက္ကရာဇ်တွေက
ကိုယ့်ပန်းတိုင်ကိုယ်ဝင်ကြ။

ငါသော်မှ.သတိကပ်
ဥာဏ်ဖြတ်လိုက်မှ
ခုနှစ်ဆယ်ဆိုတဲ့တွင်းထဲ
ပါးရေနားရေတွဲ
ကျိုးတိုးကျဲတဲသွားတွေနဲ့ 
တောင်ဝှေးဆွဲရင်းကျလို့ 
တလှမ်းကိုနှစ်ခါပြန်လှမ်း
တရားစခန်းသွားရင်ကောင်းမလား
အဆုံးစမဲ့ကောင်းကင်ကတောက်ပဆဲ
ကြယ်ငှက်တွေကလွတ်လပ်စွာပျံသန်းနေဆဲ။


ခရီးသွားဖေါ်တချို့ အကြောင်းလေးပါ။
(အတွေးသစ်မဂ္ဂဇင်း တွင်ဖေါ်ပြပြီးဖြစ်ပါသည်)