Saturday, February 27, 2010

ငါနဲ့ မနက်ဖန်များစွာ

ဘ၀ရဲ့ စာမျက်နာများကို
လက်တံမပါတဲ့နာရီက
တူတလက်ရဲ့ လက်ကိုင်ရိုးပါးသလို
လုံးပါးပါးရင်း ပျောက်ရှုံး
နောက်ဆုံးတော့
အပွန်းအပဲ့ဒါဏ်ရာသာကျန်ခဲ့တယ်။
Photobucket
ကောင်းကင်စွန်ဖျား
ပျံသွားနိုင်တဲ့
မင်္ဂငှက်ရှစ်ဖေါ်
သိပါသော်လည်း
ငါနဲ့ မတော်
ချော်ချော်ပြီးကျရ
တဘ၀တောင်မကတော့ဘူး။

ဆန္ဒက
အပေါင်းနဲ့ ပေါင်းချင်
ဘ၀က
အနုတ်နဲ့ ပေါင်းခံရ
သိလိုက်တာက
ပေါင်းနုတ်မြှောက်စား
သူတို့ ကြားထဲ
ငါ
သတ္တုမြွေတကောင်လို
လရောင်ကိုအဖေါ်ပြု
အမှောင်ထုကိုအံတုရင်း
မဆုံးသေးတဲ့ခရီးပြင်းတခု
ဂျုံးဂျုံးဂျက်ဂျက်
ရှူးရှူးရှဲရှဲ
အော်ဟစ်ရင်း
မာန်တင်းရင်း
ချီတက်ရင်းဖြင့်
ငါနဲ့ မနက်ဖန်များစွာ။

3 comments:

  1. ဘ၀ရဲ့ စာမျက်နာများကို
    လက်တံမပါတဲ့နာရီက
    တူတလက်ရဲ့ လက်ကိုင်ရိုးပါးသလို
    လုံးပါးပါးရင်း ပျောက်ရှုံး
    နောက်ဆုံးတော့
    အပွန်းအပဲ့ဒါဏ်ရာသာကျန်ခဲ့တယ်။

    ကဗျာလေးဖတ်ပြီးစိတ်မကောင်းပါဘူးခရီးသည်ကြီးရေ

    ReplyDelete
  2. သတ္တုမြွေတကောင်လို
    လရောင်ကိုအဖေါ်ပြု
    အမှောင်ထုကိုအံတုရင်း
    မဆုံးသေးတဲ့ခရီးပြင်းတခု
    ဂျုံးဂျုံးဂျက်ဂျက်
    ရှူးရှူးရှဲရှဲ
    အော်ဟစ်ရင်း
    မာန်တင်းရင်း
    ချီတက်ရင်းဖြင့်
    ငါနဲ့ မနက်ဖန်များစွာ။

    မနက်ဖတ်တွေစောင့်နေပေအုံးခရီးသည်ရေ

    ReplyDelete
  3. ဘ၀ရဲ့ စာမျက်နာများကို
    လက်တံမပါတဲ့နာရီက
    တူတလက်ရဲ့ လက်ကိုင်ရိုးပါးသလို
    လုံးပါးပါးရင်း ပျောက်ရှုံး<<<<<<<<<<<<<<
    အဲဒိစာသားလေးတွေကြိုက်တယ်

    ReplyDelete