Tuesday, February 23, 2010

အလင်္ကာဆန်သောပန်းများ

ဥတုနို့ ရည်
သောက်စို့ တည်ကာ
နေခြည်ကြွရွ
ဖူးပွင့်လှသည့်
ရောင်နီလှဖြင့်
လှပဝေဆာပန်းတို့ ကမ္ဘာ။

ပင်ယံမြင့်ထက်
တင့်တယ်ရောင်စုံ
အငုံအဖူး
ဝတ်ရည်မြူးကြွ
လောကအလှဆင်မြန်းနေ။

လေသရမ်းလည်း
ကြမ်းထမ်းယုတ်စွ
ရိုးတံကျသည်
ဘ၀နိဂုံး
ဆုံးရှုံးပျက်ယွင်း
ပန်းခင်းလည်းကြွေ လိပ်ပြာလေ။

ခရီးဆန့် ရင်း တွေ့ ခဲ့တဲ့ပန်းခင်းလေး။

4 comments:

  1. ဟင်းးးးးးးးးးးးးးးးးးးးး ....

    ReplyDelete
  2. လေသရမ်းလည်း
    ကြမ်းထမ်းယုတ်စွ
    ရိုးတံကျသည်
    ဘ၀နိဂုံး
    ဆုံးရှုံးပျက်ယွင်း
    ပန်းခင်းလည်းကြွေ လိပ်ပြာလေ။

    ခရီးဆန့် ရင်း တွေ့ ခဲ့တဲ့ပန်းခင်းလေး။

    လှလိုက်တဲ့ကဗျာလေး

    ReplyDelete
  3. ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ် တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။

    ခေါင်းစီးစာတမ်းကို သဘောကျလိုက်တာ ခရီးသည်ကြီး
    ကဗျာလေးလည်းကောင်းတယ်

    ReplyDelete
  4. နူးညံ့လှပလိုက်တဲ့ကဗျာ

    ReplyDelete