Wednesday, May 19, 2010

သောနုတ္ထိုရဲ့ အရှုံး

တပ်ဖွဲ့ ...........ရေ့ ကြည့်..........
တပ်ဖွဲ့ ...........သတိ..
တပ်ဖွဲ့ ... ညာ...........ညှိ။

ကွန်းမန်းသံ
ဆူညံနားထဲ
့ငါ့ဦးခေါင်း(ဂေါင်း)လဲဘယ်စောင်း
သတိကောင်းကောင်းနဲ့ ကြည့်မိ
အလို ဒုက္ခ
မာန အရပ်ကရှည်ရှည်
ပရိယာယ် လက်နက်ကစုံစုံ
မာယာ မျက်နာကများများ
ဘ၀င် ဖိနပ်မြင့်မြင့်စီးထား
ငါ သောနုထ္ထိုရ်
ဘယ်လိုများ ညာညှိရပါ့
ဒုက္ခ...ဒုက္ခ...ဒုက္ခ........။


ခရီးသွားရင်း မျက်လုံးခလုပ်တိုက်မိလို့ 

Tuesday, May 18, 2010

မိခရေ

ခရေပန်းကို ချစ်တတ်တဲ့
မိခရေ.....ရေ.........။

မင်းက
တချိန်က ရွာရဲ့ အလှဘုရင်မ။

ခုတော့
မင်း အသွင်ပြောင်း
အချစ်ဟောင်းကိုမေ့
အဖြစ်ဟောင်းကိုမေ့
နေရာဟောင်းကိုမေ့
သိပ်ချစ်ခဲ့တဲ့
ခရေပန်းကိုတောင်မေ့လို့ ။

ထူးထူးခြားခြား
ဆူးများတဲ့နှင်းဆီကိုမှ
နှစ်သက်ခုံမင်
မင်းအသွင်က
ဆေးရောင်စုံမျက်နာ
သွားလာပုံပြောစကား
တခါတုံးက
မိခရေ-မှဟုတ်ရဲ့ လားကွယ်။

Sunday, May 16, 2010

လက်ပြနုတ်ဆက် သွားပါတော့

မိန်းခလေးရေ...
လေယူရာတိမ်းလို့ 
အလိုက်သင့်ကလေးယိမ်းတော့မှာလား
ရနံ့ ကသင်းသင်း
အသဲချွေစကားကတင်းတင်း
ကြင်နာခြင်းကင်းကင်းနဲ့ 
မင်းရက်စက်လေခြင်းကွယ်။

မိန်းခလေးရယ်
အလှဂုဏ်ဆိုတာတွေနဲ့ ပေါင်းပြီး
မင်းရင်ဘတ်ကသွေးတွေတောင်
နထင်ပေါ်မှာ
ဖနောင့်သံပြင်းပြင်း
ဘယ်သူနဲ့ များ
စစ်ခင်းနေသလဲကွယ်။

အပင်ပြောင်းတတ်တဲ့ မိန်းခလေးရေ
သက်တန့် အရောင်လို
မှော်ဆန်တဲ့
မင်းစကားလုံးတွေက
မင်းစားနေကြ
ယိုးဒယား သကြားလုံးလို
မင်းလျှာပေါ်မှာ
ပျော်ဝင်ပျောက်ဆုံးကုန်ပြီနော်။

နားလည်ပါပြီ
မိန်းခလေးရယ်
ရက်စက်တယ်ဆိုတာ
ဒါး(ဓါး)ထမ်းလူသတ်
လက်ညိုးဖြတ်မှ မဟုတ်တာ
သုဘဒ္ဒာအငြိုးနဲ့ 
သေနုထ္ထိုရ်ကိုတောတိုးစေပြီး
ဆင်ဖြူကြီးရဲ့ အစွယ်
နဒေါင်းသဖွယ် ပန်ချင်တယ်ဆိုတာ
တကယ်မှမဟုတ်တာ
လက်စားချေအညိုးနဲ့ 
ရက်စက်ခြင်း
နည်းဗျူဟာတမျိုးပဲမဟုတ်လားကွယ်။

မိန်းခလေးရယ်
ငါ့မှာ
ဆဒ္ဒန်လို စွယ်စုံမှမရှိလေတော့
အသဲပြင်မှ
နှလုံးသွေးနဲ့ ရင်းပြီး
ပြုစုယုယ
စိုက်ပျိုးခဲ့တဲ့
အချစ်ပင်လေးတော့
အညွှန့် ချိုးခံရပြီပေါ့။

တော်ပါတော့ မိန်းခလေးရယ်
လက်ကျန်အချစ်
အသစ်ပြန်ဖြစ်ဖို့ 
ဘ၀နေမညိုခင်
မြက်နုတ်ပေါင်းသင်
ငါ့အပင်လေး
လွတ်လပ်စွာ
ရှင်သန်ခွင့်ပေးပါတော့။

Monday, May 3, 2010

နှစ်လွန် အချစ်ချို

မွေးကင်းစ
ပြက္ခဒိန်က
တရက်ခြင်း ငါ့ဘ၀ကို
ကုတ်ခြစ်လှန်လျောအုံးမှာလား။

စာမျက်နာအဟောင်းက
ဒါဏ်ရာတွေ
အကင်းမှမသေသေး
တဖြည်းဖြည်းစွဲလမ်းခဲ့တဲ့
သံယောဇဉ်ကြိုးအတွက်
ဖြတ်ဖို့ ခဲခက်
အနာမကျက်တကျက်နဲ့ 
အချိုးအဖတ်တွေတောင်မခွါရဲဘူးကွယ်။

ခံစားတတ်လွန်းတဲ့
ဝေငှတတ်လွန်းတဲ့
ငါ့အသဲပြင်ကို
ထီးတင်ဘုရင်လုပ်
တခန္ဓာလုံးကိုအုပ်ချုပ်
ငါ့မှာကမင်းရဲ့ 
အချစ်ကျွန်သဘောက်ဖြစ်လို့ ကွယ်။

ချစ်သူရေ...
ကိုယ်စောင့်နတ်ကတောင်
ငါ့ကိုပြက်လုံးကောင်းတဲ့
လူရွှင်တော်တယောက်လို
ဟားတိုက်ရယ်မော
ငါ ကိုကမင်းရဲ့ မာယာတောမှာ
ခရီးသွားခဲ့တာကြာပြီလေ။

ငါလေ
မကြာခဏ
ကိုမင်းအောင်လို
အသဲနွမ်းခေါ်သံနဲ့ 
အထီးကျန်ဆန်ဆန်
အလွမ်းငွေသောင်ယံမှာ
နှစ်ပါးသွားကရတာများပြီကွယ်။

မင်းဆီမှာက
ကရုဏာဆိုတာ
လမိုက်ည ဆယ့်နှစ်ဗဟိုမှာ
မဟူရာကျောက်တပွင့်
အရှာခက်သလို
အဲဒီအဖြစ်ထက်
ညကပိုနက်နေပါလားကွယ်။

ကိုနျူတန်ရဲ့ 
သက်ရောက်မှု
တန်ပြန်သက်ရောက်မှုတရား
ဘယ်နေရာမှများ
အိပ်မောကျနေသလဲကွယ်
ငါ့မှာက သက်ရောက်လိုက်ရတာ
ရင်ခွင်မှာတောင်ဗလာဖြစ်လုလု။

မင်းရဲ့ 
သောနုတ္ထိုရဲ့ မြှားသွားတလက်လို
ရန်လိုစူးရှတဲ့စကားတွေကြား
ပျော်ရင်းပါးရင်း
မင်းအချစ်ကိုတောင့်တ
ကြောင့်ကြလိုက်ရတာ
ဝါဆိုမိုးသဲသဲ
ငါ့ရင်မှာရွာမစဲပဲ။

ယုယုယယယနဲ့ 
ချစ်ခဲ့တဲ့ မင်းအပေါ်
ငါ့အပြစ်ကိုတူးဖေါ်ပြီး
ကွတ်မျက်ဖို့ ကြိုးစား
မင်းရဲ့ ရက်စက်တဲ့
နှလုံးသားမြို့ တော်မှာ
င့ါကို
ဗျတ်ဝိ လိုစတေးတော့မှာလား။

အချစ်ကိုရှာဖွေရင်း
အမုန်းတံတိုင်းကို
ကျော်ဝင်မိသူ
အချစ်စွန့် စားရေးမား
ငါ့အားသတ်ပါလေ
ငါ့စိတ်ထားတွေက
တရွေးသားမလျော့
မင်းကိုချစ်မြဲချစ်လျှက်ပေါ့ကွယ်။


ခရီးသွားအတွေ့ အကြုံတခု ပြန်လည်ထုဆစ် ရေးခြစ်မိခြင်းပါ။



Friday, April 23, 2010

တရွေ့ ရွေ့ မှအရှန်အဟုန်သို့ 

သဘာဝဖွဲ့ စည်းမှု
လူ့ အဖွဲ့ အစည်း
ခရီးခြင်းတူ
နည်းခြင်းလဲတူ
ပဠိပက္ခတိုက်ပွဲအတူတူပဲလေ။

မပြောင်းလဲခြင်းမဟုတ်
ပြောင်းလဲခြင်းသာ သစ္စာ
အခိုင်မာဆုံးပဲ။

စစ်တုရင်တပွဲ
ရှုံးနိပ်သွားလဲ
ဒါ
ထာဝရမှမဟုတ်တာ
ကြည့်လေ
ပင်လယ်ရေတွေဟာ
တခါက အခိုးအငွေ့ ဖြစ်ဖူးခဲ့။

တကယ်တော့
လောကကမာယာမဟုတ်
မာယာကလောကကို
အရောင်ချယ်နေ
ခုတ်ဖဲ့ထုဆစ်နေ။

ရာသီတိုင်းအပူတွေနဲ့ 
လက်ပွန်းတတည်းရှိတဲ့
ပင်လယ်ရေအောက်
ချော်ရည်တွေတောင်
အပြင်းဆုံးပေါက်ကွဲ
အမြင့်ဆုံး ထောင်တက်တတ်တာပဲ။

Sunday, April 11, 2010

အတ္တအာသီသများ

မောရင်းပန်းရင်း
လှိုင်းကြမ်းခြင်းကို
တမ်းရင်းတရင်း
အလင်းမဲ့
လင်းလက်တဲ့နေ့ 
ရှင်သန်ရင်းတရွေ့ ရွေ့ ။

လက်မထောင်ရှုံးနိမ့်
အောင်မြင်ရင်းကျဆုံး
အကောင်းဆုံးဆိုတာ
ငါဘာလုပ်ခဲ့ပြီးပြီလဲ။

နိမ့်မြင့်ကွေ့ ကောက်
ဘ၀တလျှာက်မှာ
ငိုရီ(ရယ်)လည့်လည်
ခံစားချက်နယ်ပေါ်
အရမ်းပျော်ပြီးအော်မိတယ်။

နေမင်းခြေကွက်
ရေတွက်ရင်း
သတ်မှတ်ချက်နဲ့ 
နေ့ ရက်တွေကအိုမင်းနေ။

ဟိုနေ့ ကတွေ့ 
ဒီနေ့ မေ့ရမလို
စက္ကန့် တိုင်းလိုလို
ပျို-ပြို-ပျက်
ဒါ သင်္ခါရလက်ချက်လေလား။

နေ့ ရက်များစွာ
ဥတုပူပူ
အရောင်မတူ
လူထူထူကြားထဲ
ပုံတူဆွဲရတာ
ထမင်းစားရေသောက်
ဟိုတခေါက်က
ပုံမတူမူကွဲလို့ 
မျက်နာကြောတင်းတင်း
လျှာခေါက်သံပြင်းပြင်းနဲ့ 
ဖက်လဲတကင်းပြုခြင်းခံခဲ့ရ။

နေ့ တဓူဝ
ရှစ်ရောင်စုံ ချယ်သခံရလို့ 
ကိုယ်ပိုင် အာသီသထဲ
အပြာရောင်ကို
အဖြူရောင်နဲ့ ပွတ်တိုက်ရင်း
အညိုရောင်
အ၀ါရောင် ဖြစ်ဖြစ်သွားချင်ရဲ့ 
အမည်းရောင်စိတ်တန်ခိုးက
ကြိတ်ကြိတ်ပြီးလက်သိပ့်ထိုးတော့
နီကြောင်ကြောင်
လက်ဆောင်တွေသာရလိုက်တယ်။

တတ်နိုင်ပါထူးလေ
ငါက
မြွေတကောင်လို
အရေခွံမှ မလဲနိုင်သေးတာ
ရတာလေးနဲ့ 
ရွာလည်လိုက်အုံးမယ်။


ခရီးသည်ကြီး ၏ ခရီးသွားအတွေ့ အကြုံ။

Saturday, April 3, 2010

ရေခဲမှန်စများ

တောကစားတတ်တဲ့
မင်းရဲ့ အသွေးအသား
လှဲ့ စားခြင်းလေနီကြမ်း
ရက်စက်မိုးရမ်းတွေနဲ့ 
အကြင်နာမဲ့စွာ
ငါ့အပေါ်
လူစိတ်ကင်းကင်းနဲ့ ရွာချ
နှလုံးမဲ့လှချည်လား
အသဲမဲ့မိန်းခလေးရယ်။

စပါးကြီးမြွေတကောင်ရဲ့
ညို့ အားအပြည့်မျက်လုံးများနဲ့ 
ပြိုးပြိုးပျက်ပျက်
လင်းလက်နေတဲ့
မင်းမျက်လုံးတွေအောက်
ငါ့အတွက်
လောကကြီးအလင်းပျောက်သွားခဲ့။

မင်းရဲ့ 
မာယာနွံရှင်နက်နက်
ငါရုန်းရင်းနစ်နေခဲ့
မင်းအကိုင်းအခက်အသစ်အတွက်
ငါအဟောင်းဖြစ်သွားလဲ
အလင်းပျောက်မျက်လုံးတွေနဲ့ ငေးမောနေဆဲ
မင်းထားရစ်ခဲ့ပါ
မင်းထွက်ခွါသွားပါ
မင်းစွန့် ပြစ်သွားပါ
နောင်တဆိုတာ
မင်းအတွက်မှမဟုတ်ပေပဲလေ။

ယန္တယားဆန်လွန်း
အစွမ်းထက်မြက်မှုမျိုးနဲ့ 
စကားချွန်ချွန်ထက်မြက်မှုတွေက
ထိရှပွန်းပဲ့လိုက်တာ
ငါ့အသဲ
ငါဘဝ
ရေခဲမှန်တစလို
အစိတ်စိတ်အမွမွ
ကျကြွေကွဲရှလိုက်တာ
နောက်တခါအလွမ်းဖို ဖို့ 
အပိုင်းအစတချို့ တောင်
မကျန်တော့ပါဘူးကွယ်။

ခရီးသည်ကြီးခရီးသွားရင်းခရီးလမ်းပေါ်ကကြားခဲ့တာလေးပါ။