မင်းဒေါင့်က မင်းမှန်
အနားမညီတဲ့
ဒေါင့်မှန်တွေရဲ့ ကြား
မင်းမှန်ပိုင်ခွင့်ရှိပြီးသားပါ။
အဖြူ ကလဲမှန်
အမဲ(မည်း) ကလဲမှန်
အရှည် ကလဲမှန်
အတို ကလဲမှန်
အပိန်ကလဲမှန်
အ၀ ကလဲမှန်
ပုတ်အဲ့အဲ့အနံ့ ကလဲမှန်
မွှေးကြူကြိုင်လှိုင်တဲ့အနံ့ ကလဲမှန်
လောက်ဇူး ကလဲမှန်
သေးလီ ကလဲမှန်
ကွန်ဖြူရှပ် ကလဲမှန်
ပိုက်သဂိုရပ် ကလဲမှန်
အိုင်းစတိုင်း ကလဲမှန်
ဗြောင်းဆန်အောင်မှန်
ရုန်းရင်း ဆန်ခတ်မှန်နေကြားထဲ
ဇာတ်ဝင်ခန်းများစွာနဲ့ 
ဇာတ်ဆရာရဲ့ ဇာတ်ကွက်အတိုင်း
တခန်းဝင်တခန်းထွက်
တဇာတ်ပြီးတဇာတ်က
နေ့ ညတွေ ဟိုး မှာကျန်ခဲ့။ ။
နေရာပေါင်းများစွာ
သက္ကရာဇ်ပေါင်းများစွာ
စရိုက်ပေါင်းများစွာ
ကရင်း ပြရင်း
တရက်ခြင်း အသက်ရှည်
ကြာလာတော့
ကိုယ်ပိုင်စရိုက်
ခလုပ်တိုက်ပြီးပျောက်ဆုံးခဲ့
နောက်ဆုံးတော့ နီးရာစရိုက်နဲ့ 
အသက်ရှင်ရင်း
နေထိုင်ရင်း
ကြီးပြင်းရင်း
-------ရင်း
ဘ၀နဲ့ ရင်းပြီး
ငြိမ်းချမ်းခြင်းမြေတကွက်
ဝယ်ဖြစ်သွားတယ်။ ။
အကိုကြီး(ကိုသောင်းဟန်)အားရည်စူးပါ၏။
ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ်တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။
Friday, March 26, 2010
Sunday, March 21, 2010
ကိုယ့်တီးလုံးနဲ့ လမ်းလျှောက်ခြင်း
တောက်တဲ့နဲ့ 
တစ်တေတူးတို့ ကြား
ဥဩငှက်အလားဖြစ်လိုက်ချင်ရဲ့ 
တခါတလေ
ပုတ်သင်ညိုဖြစ်လိုက်ချင်ရဲ့ 
ကိုယ့်တီးလုံးနဲ့ ကိုယ်
ကခုန်တတ်တဲ့ ဖါးဂုန်ညှင်းဖြစ်လိုက်ချင်ရဲ့ ။
မနက်ဖြန်အတွက်စဉ်းစားရင်း
ငါဖျင်းဖျင်းလာခဲ့
ငါ့ခြေတောက်နှင့်ငါလမ်းလျှောက်ရင်း
သူ့ ခရီးကိုရောက်ရောက်သွားခဲ့
ငါ့ဦးနောက်ငါစဉ်းစားရင်း
သူ့ ဆုံးဖြတ်ချက်ကို
ခေါင်းငြိမ့်ထောက်ခံရခဲ့
ဤကိုကျွဲလို့ 
အသံထွက်ဖတ်ပေးရခဲ့
ဒါလောကရဲ့ 
မျက်လည့်လေလား
လိုအပ်ချက်လေလား
ပေါ့ပါးပျော်ပါးရင်း
လွှင့်ပါးလာလိုက်တာ
ကြက်သွန်ခွံလောက်ကျန်
အနေထားအမှန်ကိုသိလိုက်ရတဲ့အချိန်
ရေတိမ်မှာနခေါင်းမပေါ်တပါ်။
နောင်တတွေကို
ခရေလိုသီကုံး
မမလေးကပြုံးနိုင်ပေမဲ့
မောင်လေးငါက
အနာတရကျီးကန်းတကောင်လို
အသံမြည်လိုက်ချင်ရဲ့ 
ငါကိုယ်ငါပဲထုဆစ်ရမပေါ့။
မမှန်တဲ့အချိန်ကိုစစ်ကြည့်
မှားချိန်ကများလိုက်ပါဘိ
နေမင်းကြီးတောင်ညိုရီရီ
စိတ်ကြေးစည်
ဓမ္မတေးမြည်ဘို့ ဆိုပေမဲု့
သေချာတာက
ငါ့တရားနဲ့ ငါ
သေရာသွားရမှပါ။
တစ်တေတူးတို့ ကြား
ဥဩငှက်အလားဖြစ်လိုက်ချင်ရဲ့ 
တခါတလေ
ပုတ်သင်ညိုဖြစ်လိုက်ချင်ရဲ့ 
ကိုယ့်တီးလုံးနဲ့ ကိုယ်
ကခုန်တတ်တဲ့ ဖါးဂုန်ညှင်းဖြစ်လိုက်ချင်ရဲ့ ။
မနက်ဖြန်အတွက်စဉ်းစားရင်း
ငါဖျင်းဖျင်းလာခဲ့
ငါ့ခြေတောက်နှင့်ငါလမ်းလျှောက်ရင်း
သူ့ ခရီးကိုရောက်ရောက်သွားခဲ့
ငါ့ဦးနောက်ငါစဉ်းစားရင်း
သူ့ ဆုံးဖြတ်ချက်ကို
ခေါင်းငြိမ့်ထောက်ခံရခဲ့
ဤကိုကျွဲလို့ 
အသံထွက်ဖတ်ပေးရခဲ့
ဒါလောကရဲ့ 
မျက်လည့်လေလား
လိုအပ်ချက်လေလား
ပေါ့ပါးပျော်ပါးရင်း
လွှင့်ပါးလာလိုက်တာ
ကြက်သွန်ခွံလောက်ကျန်
အနေထားအမှန်ကိုသိလိုက်ရတဲ့အချိန်
ရေတိမ်မှာနခေါင်းမပေါ်တပါ်။
နောင်တတွေကို
ခရေလိုသီကုံး
မမလေးကပြုံးနိုင်ပေမဲ့
မောင်လေးငါက
အနာတရကျီးကန်းတကောင်လို
အသံမြည်လိုက်ချင်ရဲ့ 
ငါကိုယ်ငါပဲထုဆစ်ရမပေါ့။
မမှန်တဲ့အချိန်ကိုစစ်ကြည့်
မှားချိန်ကများလိုက်ပါဘိ
နေမင်းကြီးတောင်ညိုရီရီ
စိတ်ကြေးစည်
ဓမ္မတေးမြည်ဘို့ ဆိုပေမဲု့
သေချာတာက
ငါ့တရားနဲ့ ငါ
သေရာသွားရမှပါ။
Sunday, March 14, 2010
ကာရန်မဲ့ ဘဝ
ပုဒ်ထီးပုဒ်မ
ပုံက မကျ
သတ်ပုံပျက်ယွင်း
လောကဓံအသင်းနဲ့ 
ဘ၀ကိုစစ်ခင်းရင်းရေးပြရတာ
အားနာမိတယ်
ခင်ဗျားတို့ ရယ်။
ပုံက မကျ
သတ်ပုံပျက်ယွင်း
လောကဓံအသင်းနဲ့ 
ဘ၀ကိုစစ်ခင်းရင်းရေးပြရတာ
အားနာမိတယ်
ခင်ဗျားတို့ ရယ်။
မြင့်မိုရ်ထက်က(၂)
သားရဲ့ တင်ပါးကို
ပုတ်ခါပုတ်ခါ
အိပ်ပါတော့လူကလေး
အဖေ့တေးတွေနဲ့ 
သားအိပ်စက်ခဲ့ဖူးပြီးပြီ အဖေ။
အမှန်တရားတွေသွန်သင်
အိပ်ရာဝင်အိပ်ရာထ
နေ့ နေ့ ညည
ပြတ်သားတဲ့
အဖေ့သြ၀ါဒတွေ
သားသင်ယူခဲ့ဖူးပြီးပြီ အဖေ။
ကျွေးမွေးသုတ်သင်
ပဲ့ပြင်ဆုံးမ
လူလုံးလှအောင်
ထုဖဲ့ခုတ်ထွင်
အပြစ်စင်အောင်
သာကိုပုံသွင်းပြုပြင်ခဲ့သောအဖေ။
လောကဓံနဲ့ စစ်မက်
အခက်ခဲကိုအံတု
ထုထည်ကြီးမား
မဟာတံတိုင်းကြီးအလား
အဖေ့ မေတ္တာတရားတွေ။
ကျောက်သားကမ္ဘားရံ
တောင်နံယံလဲ
မိုးဒါဏ်လေဒါဏ်၊ ဥတုဒါဏ်ကြောင့်
ထိမှန်ပဲ့ကျ၊ မြေခရလဲ
ဖခင်အချစ်၊ မေတ္တာနှစ်ကား
မြေသားတမုန့် မျှပင်
မပွန်းခဲ့တဲ့အဖေ။
ကိုယ်စိတ်ညီမျှ
လောကကိုအလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်က ချစ်ဖေဖေ။
အဖေ ဦးစိုးမြင့်(ကျောင်းဆရာ) အားရိုသေစွာဦးညွှတ်ကန်တော့လိုက်ပါ၏ ။
ပုတ်ခါပုတ်ခါ
အိပ်ပါတော့လူကလေး
အဖေ့တေးတွေနဲ့ 
သားအိပ်စက်ခဲ့ဖူးပြီးပြီ အဖေ။
အမှန်တရားတွေသွန်သင်
အိပ်ရာဝင်အိပ်ရာထ
နေ့ နေ့ ညည
ပြတ်သားတဲ့
အဖေ့သြ၀ါဒတွေ
သားသင်ယူခဲ့ဖူးပြီးပြီ အဖေ။
ကျွေးမွေးသုတ်သင်
ပဲ့ပြင်ဆုံးမ
လူလုံးလှအောင်
ထုဖဲ့ခုတ်ထွင်
အပြစ်စင်အောင်
သာကိုပုံသွင်းပြုပြင်ခဲ့သောအဖေ။
လောကဓံနဲ့ စစ်မက်
အခက်ခဲကိုအံတု
ထုထည်ကြီးမား
မဟာတံတိုင်းကြီးအလား
အဖေ့ မေတ္တာတရားတွေ။
ကျောက်သားကမ္ဘားရံ
တောင်နံယံလဲ
မိုးဒါဏ်လေဒါဏ်၊ ဥတုဒါဏ်ကြောင့်
ထိမှန်ပဲ့ကျ၊ မြေခရလဲ
ဖခင်အချစ်၊ မေတ္တာနှစ်ကား
မြေသားတမုန့် မျှပင်
မပွန်းခဲ့တဲ့အဖေ။
ကိုယ်စိတ်ညီမျှ
လောကကိုအလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်က ချစ်ဖေဖေ။
အဖေ ဦးစိုးမြင့်(ကျောင်းဆရာ) အားရိုသေစွာဦးညွှတ်ကန်တော့လိုက်ပါ၏ ။
မြင့်မိုရထက် (၁)
အဝေးရောက်နေတဲ့သား
ရိုသေ၀တ်တွားကာ
နဖူးလက်တင်
ထိငါးအင်ဖြင့်
ရှိခိုးကတော့ပါ၏။
ကိုယ်စိတ်ညီမျှ
ကျမ္မာပါစေ..အမေ။
အမေ့ချစ်ခြင်းထိုထို
ဗြဟ္မာစိုရ်များ
ဝေါဟာရအားဖြစ်သာ
ဖေါ်ကာပြ
အနှစ်သာရ
သဘောသဘာဝ
ဖေါ်ထုပ်ရေးသား
မစွမ်းတဲ့သားကို
ခွင့်လွှတ်ပါအမေ။
ကိုယ်စိတ်ညီမျှ
လောကကို အလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်ကချစ်မေမေ။
ရိုသေ၀တ်တွားကာ
နဖူးလက်တင်
ထိငါးအင်ဖြင့်
ရှိခိုးကတော့ပါ၏။
ကိုယ်စိတ်ညီမျှ
ကျမ္မာပါစေ..အမေ။
အမေ့ချစ်ခြင်းထိုထို
ဗြဟ္မာစိုရ်များ
ဝေါဟာရအားဖြစ်သာ
ဖေါ်ကာပြ
အနှစ်သာရ
သဘောသဘာဝ
ဖေါ်ထုပ်ရေးသား
မစွမ်းတဲ့သားကို
ခွင့်လွှတ်ပါအမေ။
ကိုယ်စိတ်ညီမျှ
လောကကို အလှဆင်နိုင်ပါစေ
မြင့်မိုရ်ထက်ကချစ်မေမေ။
Tuesday, March 9, 2010
အဖိုးအို နှင့် သစ်ကိုင်းခြောက်
သစ်ကိုင်းခြောက်လေးက အနက်
မီးသွေးလည်းဖြစ်ရော
သစ်ကိုင်းခြောက်လေး အဖြူ
အူတူတူ ငနဲကမေး
ဖိုးလေးဒီလုံး
အဆုံးအစ
ဘယ်ဒင်းကို ကြည့်ပြောသလဲဗျ
အဖိုးအဖြေ
-------------------ပေါ့ကွတဲ့။
ဆရာအချို့ ရဲ့ စကားလုံးတချို့ သုံးစွဲထားပါသည်။
မီးသွေးလည်းဖြစ်ရော
သစ်ကိုင်းခြောက်လေး အဖြူ
အူတူတူ ငနဲကမေး
ဖိုးလေးဒီလုံး
အဆုံးအစ
ဘယ်ဒင်းကို ကြည့်ပြောသလဲဗျ
အဖိုးအဖြေ
-------------------ပေါ့ကွတဲ့။
ဆရာအချို့ ရဲ့ စကားလုံးတချို့ သုံးစွဲထားပါသည်။
Sunday, March 7, 2010
ရင်မှာရွာသော.မိုး....
အားကောင်းမောင်းသန်
ဗြောင်းဆန်အောင်ကြီးထွား
မင်းရူပါရုံများနဲ့ 
ကျဲစိုက်သွားတဲ့ ပန်းတခင်း
ငါ့ရင်တွင်းမှာ
သင်းသင်းကြိုင်ကြိုင်
ဖက်ပြိုင်သူကင်းလို့ ပေါ့။
မတူမတန်
အယူမမှန်
တယူသန်အစွဲနဲ့ 
မာန်မဲငေါက်ငန်း
ခပ်ကြမ်းကြမ်း
လျှောက်လှမ်းသွားတဲ့မင်း။
ငါမပိုင်တဲ့ ကကြမ္မာကို
စစ်မကြေညာတော့ပါဘူး။
ဥပက္ခာဆန်တဲ့၊ အက်စစ်မိုး
ငါ့ရင်ထဲမှာ
ဝုန်းဒိုင်းကျဲ ရွာသွန်းဖြိုးလဲ(လည်း)
လက္ခဏအသဲနဲ့ 
ရင်ထဲကြိတ်မှိတ်
သည်းခံစိတ်နဲ့ ဆက်ချစ်နေမယ်။
သွားရင်းလာရင်း
သူငယ်ချင်းတယောက်ရဲ့ ခိုတကောင်လိုအသံကိုဘာသာပြန်ထားတာပါ။
ဗြောင်းဆန်အောင်ကြီးထွား
မင်းရူပါရုံများနဲ့ 
ကျဲစိုက်သွားတဲ့ ပန်းတခင်း
ငါ့ရင်တွင်းမှာ
သင်းသင်းကြိုင်ကြိုင်
ဖက်ပြိုင်သူကင်းလို့ ပေါ့။
မတူမတန်
အယူမမှန်
တယူသန်အစွဲနဲ့ 
မာန်မဲငေါက်ငန်း
ခပ်ကြမ်းကြမ်း
လျှောက်လှမ်းသွားတဲ့မင်း။
ငါမပိုင်တဲ့ ကကြမ္မာကို
စစ်မကြေညာတော့ပါဘူး။
ဥပက္ခာဆန်တဲ့၊ အက်စစ်မိုး
ငါ့ရင်ထဲမှာ
ဝုန်းဒိုင်းကျဲ ရွာသွန်းဖြိုးလဲ(လည်း)
လက္ခဏအသဲနဲ့ 
ရင်ထဲကြိတ်မှိတ်
သည်းခံစိတ်နဲ့ ဆက်ချစ်နေမယ်။
သွားရင်းလာရင်း
သူငယ်ချင်းတယောက်ရဲ့ ခိုတကောင်လိုအသံကိုဘာသာပြန်ထားတာပါ။
Subscribe to:
Posts (Atom)