ဆည်းဆာရွှေအို
တေးဆိုနုတ်ဆက်
ပွေ့ ဖက်တို့ ထိ
နူးအိတဲ့လေညင်း
ရနံ့ သင်းသင်းဆောင်လာတယ်။
ဆောင်းပျိုလေနု
ကယုကယင်
ရွှေရင်လှုပ်ခတ်
ယိမ်းကတတ်တဲ့စပါးခင်း
ရွှေအဆင်းနဲ့ တမျော်တခေါ်
အနာဂါတ်ကိုမျော်နေလေရဲ့ ။
ကြွရွခြေလှမ်း
ရွလယ်လမ်းက
အေးချမ်းတဲ့မျက်နာ
သာယာတဲ့အသံနဲ့ 
ဒို့ ရွာရှေ့ ဖျား
ငြိမ့်ညံညံပေါ်လာ
ကမ်းနားစပ်မှာရေခပ်ဆင်းကြ
ယမင်းပျိုတတွေ
သီချင်းဆိုရင်းပျော်ရွှင်နေ။
ရွာအလှသာယာစွ
ကမ္ဘာအလှအေးမြပေါ့
ဒို့ ရွာအဆင်းမြမြက်ခင်းနဲ့ 
ရွှေဝင်းရွှေအိုတေးဆိုတသင်း
ပျော်ရင်းလှုပ်ရှား
တအားသစ်နဲ့ ရွာမြေကို
သာစေရာမှကမ္ဘာလှအောင်
စွမ်းဆောင်နေ။
ခက်ခဲတဲ့အခြေနေတခုကို ခြေတလှမ်းအောင်မြင်ပြီးမြောက်တိုင်း၊ ရင့်ကျက်မှုလှေကားတထစ်တက်လှမ်းအောင်မြင်သွားပြီလို့  သင့်ရဲ့ နှလုံးသားထဲမှာမှတ်ယူနိုင်ပါစေ။
Monday, February 15, 2010
အာကာသမဲ့ပျံသန်းနေမိခြင်း
တဏှာဆိုတဲ့အိမ်ထဲ
အ၀ိဇ္ဖာလက်တွဲရင်း
အတ္တအချို့ နဲ့ မာနရောစပ်
လောဘတွေကို
တခွက်ပြီးတခွက်မျိုချ
ဒေါသအမြည်းကိုကောက်စား
မူးရစ်ခြင်းနဲ့ေ၀၀ါး
မှားလားမှန်လား
ငါ စဉ်းစားရင်း
ဥပဒေရဲ့ အပြင်ဖက်
ထွက်ထွက်သွားမိ
ငါ .........တွေ့ လိုက်
ငါ .....ပျောက်လိုက်
ငါ .....ပြန်တွေ့ လိုက်
ငါနဲ့ ငါကြား
ဗျာများနေသောငါ။
ဒီလိုနဲ့ 
နေမင်းရဲ့ ခြေရာတွေရေတွက်
မေ့လျော့ခြင်းတွေကမကြာခဏဖြစ်။
ဒါပေမဲ့
အဆုံးမဲ့ကောင်းကင်ထဲ
ကြယ်ငှက်တွေကပျံသန်းနေဆဲပဲ
သက္ကရာဇ်တွေက
ကိုယ့်ပန်းတိုင်ကိုယ်ဝင်ကြ။
ငါသော်မှ.သတိကပ်
ဥာဏ်ဖြတ်လိုက်မှ
ခုနှစ်ဆယ်ဆိုတဲ့တွင်းထဲ
ပါးရေနားရေတွဲ
ကျိုးတိုးကျဲတဲသွားတွေနဲ့ 
တောင်ဝှေးဆွဲရင်းကျလို့ 
တလှမ်းကိုနှစ်ခါပြန်လှမ်း
တရားစခန်းသွားရင်ကောင်းမလား
အဆုံးစမဲ့ကောင်းကင်ကတောက်ပဆဲ
ကြယ်ငှက်တွေကလွတ်လပ်စွာပျံသန်းနေဆဲ။
ခရီးသွားဖေါ်တချို့ အကြောင်းလေးပါ။
(အတွေးသစ်မဂ္ဂဇင်း တွင်ဖေါ်ပြပြီးဖြစ်ပါသည်)
အ၀ိဇ္ဖာလက်တွဲရင်း
အတ္တအချို့ နဲ့ မာနရောစပ်
လောဘတွေကို
တခွက်ပြီးတခွက်မျိုချ
ဒေါသအမြည်းကိုကောက်စား
မူးရစ်ခြင်းနဲ့ေ၀၀ါး
မှားလားမှန်လား
ငါ စဉ်းစားရင်း
ဥပဒေရဲ့ အပြင်ဖက်
ထွက်ထွက်သွားမိ
ငါ .........တွေ့ လိုက်
ငါ .....ပျောက်လိုက်
ငါ .....ပြန်တွေ့ လိုက်
ငါနဲ့ ငါကြား
ဗျာများနေသောငါ။
ဒီလိုနဲ့ 
နေမင်းရဲ့ ခြေရာတွေရေတွက်
မေ့လျော့ခြင်းတွေကမကြာခဏဖြစ်။
ဒါပေမဲ့
အဆုံးမဲ့ကောင်းကင်ထဲ
ကြယ်ငှက်တွေကပျံသန်းနေဆဲပဲ
သက္ကရာဇ်တွေက
ကိုယ့်ပန်းတိုင်ကိုယ်ဝင်ကြ။
ငါသော်မှ.သတိကပ်
ဥာဏ်ဖြတ်လိုက်မှ
ခုနှစ်ဆယ်ဆိုတဲ့တွင်းထဲ
ပါးရေနားရေတွဲ
ကျိုးတိုးကျဲတဲသွားတွေနဲ့ 
တောင်ဝှေးဆွဲရင်းကျလို့ 
တလှမ်းကိုနှစ်ခါပြန်လှမ်း
တရားစခန်းသွားရင်ကောင်းမလား
အဆုံးစမဲ့ကောင်းကင်ကတောက်ပဆဲ
ကြယ်ငှက်တွေကလွတ်လပ်စွာပျံသန်းနေဆဲ။
ခရီးသွားဖေါ်တချို့ အကြောင်းလေးပါ။
(အတွေးသစ်မဂ္ဂဇင်း တွင်ဖေါ်ပြပြီးဖြစ်ပါသည်)
Sunday, February 14, 2010
ကောက်ကွေ့ စွာဖြောင့်တန်းနေမိခြင်း
အမေ
ကျွန်တော်လေ
အရောင်မဲ့စွာ၊ လင်းလက်ချင်ပေမဲ့
ကြိုးရှုပ်ရင်း
ကောက်ကွေ့ စွာဖြောင့်တန်းနေမိတယ်အမေ။
"ခရီးသွားရင်းတွေ့ မိလို့ ပါ"
ကျွန်တော်လေ
အရောင်မဲ့စွာ၊ လင်းလက်ချင်ပေမဲ့
ကြိုးရှုပ်ရင်း
ကောက်ကွေ့ စွာဖြောင့်တန်းနေမိတယ်အမေ။
"ခရီးသွားရင်းတွေ့ မိလို့ ပါ"
မြေသင်းနံ့ ပန်းချီကားထဲမှာ
မိုးကောင်းကင်
ရွှေရင်ခွင်မှ
ပွင့်အံပြေကျ
ရွှေအိုအလှနဲ့ 
ကြွကြွရွရွ
ချယ်ဆင်သလျှက်
အလှပန်းချီ
မမှီဘယ်ဆေး
သာအေး တို့ ယာခင်းပေါ်မှာ။
ရွံ့ ညွန်နွံခွက်
နောက်ချေးဗွက်
ရွာ့ကျက်သရေဆောင်
မဲချိတ်မှောင်။
ကျေးလက်ရွာသား၊ လယ်လုပ်သား
မြေရဲ့ သမီးသား
မွေးဖွါးဆင်းသက်
သူတို့ ခြေလက်
ပြောင်လက်သမန်းဆီ
မြေဆီလိမ်းခြယ်
မြေဆီရနံ့ သင်း
မြေဆီတ၀င်းဝင်း
ဆင်းရဲတွင်းထဲက
ရုန်းကန်ရဘ၀---လှပ
မလုံတလုံခမောက်
နေခြည်ဖေါက်ဖြာ
ငါ့ မျက်နာမှာ
ညိုတကွက်ကြေးနီစက်နဲ့ 
ဆေးပန်းချီဖြစ်ခဲ့။
ယောက်မ......ရေ
ယောက်ဖ......ရေ
လာဟေ့ဆူညံ
လယ်ကွင်းလျှံအောင်
လွင့်ဖိတ်မြူးကြွ
တေးအလှနဲ့ 
ပျိုးထမ်းပျိုးသယ်
အရွယ်ရယ်စုံ
သာအေးတို့ ယာခင်း။
ပျိုးစပါး ဘယ်လက်
ညာဖြင့်ခွဲသင်
သုံး-လေး-ပင်
စိုက်ချမြေနုံး
မြှော့-တရုံးရုံး။ ။
ရွှေရင်ခွင်မှ
ပွင့်အံပြေကျ
ရွှေအိုအလှနဲ့ 
ကြွကြွရွရွ
ချယ်ဆင်သလျှက်
အလှပန်းချီ
မမှီဘယ်ဆေး
သာအေး တို့ ယာခင်းပေါ်မှာ။
ရွံ့ ညွန်နွံခွက်
နောက်ချေးဗွက်
ရွာ့ကျက်သရေဆောင်
မဲချိတ်မှောင်။
ကျေးလက်ရွာသား၊ လယ်လုပ်သား
မြေရဲ့ သမီးသား
မွေးဖွါးဆင်းသက်
သူတို့ ခြေလက်
ပြောင်လက်သမန်းဆီ
မြေဆီလိမ်းခြယ်
မြေဆီရနံ့ သင်း
မြေဆီတ၀င်းဝင်း
ဆင်းရဲတွင်းထဲက
ရုန်းကန်ရဘ၀---လှပ
မလုံတလုံခမောက်
နေခြည်ဖေါက်ဖြာ
ငါ့ မျက်နာမှာ
ညိုတကွက်ကြေးနီစက်နဲ့ 
ဆေးပန်းချီဖြစ်ခဲ့။
ယောက်မ......ရေ
ယောက်ဖ......ရေ
လာဟေ့ဆူညံ
လယ်ကွင်းလျှံအောင်
လွင့်ဖိတ်မြူးကြွ
တေးအလှနဲ့ 
ပျိုးထမ်းပျိုးသယ်
အရွယ်ရယ်စုံ
သာအေးတို့ ယာခင်း။
ပျိုးစပါး ဘယ်လက်
ညာဖြင့်ခွဲသင်
သုံး-လေး-ပင်
စိုက်ချမြေနုံး
မြှော့-တရုံးရုံး။ ။
Monday, February 8, 2010
အမှတ်တမဲ့သို့ မဟုတ် ကြိုးရှုပ်
ဟိုလူ
ကိုဖိုးတုတ်
ခလေးတအုပ်နဲ့ 
ကြိုးရှုပ်ရင်း တလှုပ်လှုပ်
ဒါနဲ့ 
မိုးချုပ်တော့မယ်။
ခရီးသွားရင်းတွေ့ ခဲ့ရတဲ့ ကိုဖိုးတုတ် အကြောင်းလေးပါ။
ကိုဖိုးတုတ်
ခလေးတအုပ်နဲ့ 
ကြိုးရှုပ်ရင်း တလှုပ်လှုပ်
ဒါနဲ့ 
မိုးချုပ်တော့မယ်။
ခရီးသွားရင်းတွေ့ ခဲ့ရတဲ့ ကိုဖိုးတုတ် အကြောင်းလေးပါ။
Sunday, February 7, 2010
အဖြည့်ခံ
Subscribe to:
Posts (Atom)

