လှပလွှင့်ကြွေ
ပုလဲခွံလေးတွေ
တဖ၀ါးခြင်း
ဖြေးဖြေးညင်းညင်း
မြေပေါ်ဆင်းသက်
မင်းလှရက်လေခြင်း။

ဒါပေမဲ့
ကိုယ်လေ
မတမ်းတချင်ဘူး
လာခြင်းထူးလို့ 
အရူးအမူး
အထူးပဲနှင်းကို
ကြောက်ရွံ့ နေမိတယ်။
ကိုယ်လေ
သေဖူးလို့ 
ပျဉ်ဖိုးလဲနားလယ်(လည်)နေပြီ
ပြန်ပြောင်းစဉ်းစား
မင်းကျီစားတာ
အတွေးကျော်
လမ်းချော်ပြီး
အန္တရယ်ခြောက်တွင်း
သက်ဆင်းခဲ့ဘူးရဲ့။
အသဲပြင်ထိုးဖေါက်
ချဉ်ဆီရောက်အောင်
မင်း-ကိုယ့်ကိုပြုစားတယ်
ကိုယ့်သွားနှစ်စုံ
အညာကဒိုးပုံနဲ့ 
စည်းချက်မြန်မြန်
ရိုက်သံမှန်လို့ 
အံသွားတချို့ တောင်
ကြွေကြလုရဲ့ ။
နှင်းရေ
မင်းကိုကိုယ်ကြောက်
နှင်းပျောက်တဲ့နွေ
ရောက်ပါစေလို့ 
တူးတူးခါးခါး
တမ်တရူးသွပ်မိတယ်နှင်းရယ်။
တကယ်တော့
နှင်းရဲ့ အလှဟာ
တောင်ဘက်ဝင်ရိုး
ကာလီဖိုးနီးယား
အဲဒီဘက်သွားရင်
နှင်းဟာ
အလှဘုရင်တပါးလိုကြွားစရာပေါ့။
နှင်းတွေကို အရမ်းနှစ်သက်ပေမယ့် အရမ်းအေးတာကိုတော့ ကြောက်တယ်။ နှင်းတွေ ကြိုက်လို့လားတော့ မသိဘူး ရောက်လိုက်တိုင်း ပူတဲ့ ဒေသတွေပဲ ရောက်နေတယ်။
ReplyDeleteကဗျာလေး အရမ်းကောင်းတယ်။
ခင်မင်လေးစားလျှက်
နှင်းရဲ့ အလှဟာ
ReplyDeleteတောင်ဘက်ဝင်ရိုး
ကာလီဖိုးနီးယား
အဲဒီဘက်သွားရင်
နှင်းဟာ
အလှဘုရင်တပါးလိုကြွားစရာပေါ့။
ဟုတ်မယ်ဗျ...
ကျွန်တော်လည်း နှင်းကြိုက်တယ်..
ခင်မင်စွာဖြင့်
ပထမဆုံးရောက်လာပါတယ်ခင်ဗျ။ စီဘောက်စ်မတွေ့လို့ မန့်သွားပါတယ်။
ReplyDeleteခရီးသည်ကြီး ရေ
ReplyDeleteကဗျာတွေက ခံစားချက်တွေ များနေလို့လားမသိဘူး။
ဆန်းသစ်လှပလွန်းနေတယ်။
ဘလောက်မလည်ဖြစ်ပေမယ့် အရောက်လိုက်လာပါတယ်။
အားပေးပါတယ်။
ခရီးသည်ကြီးရေ ကဗျာကောင်းလေး လာဖတ်ပါတယ်ဗျာ
ReplyDeleteနှင်းကျတာကို ကြုံရတဲ့ အရပ်မှာ နေတာမဟုတ်တော့ နှင်းကို စိတ်ကူးနဲ့ပဲ လွမ်းလိုက်ရတော့တယ်
နှင်းတွေဟာဖြူစင်တယ်
ReplyDeleteရိုးသားတယ်
အပြစ်ကင်းတယ်
ခရီးသည်ကြီးက နှင်းကြောက်တာလား။
ReplyDelete