
တပို့ တွဲလထူး
တောင်သူမြူးကြွ
မြူလွှလွှနဲ့ 
တဆယ့်နှစ်ရာသီ
အ၀င်တည်၏။
ဒီချိန်သာမယ
ရွာအလှဖြူ
ထမနဲ လှူကြ
ယွန်းကြမြူးကြွ
ရွာဦးကျောင်းမှ
တရားဓမ္မတွေနဲ့ ။
တွေးမဝ
ရေးရေးပြပြ
ဟိုး..တုံးက
ရွာရဲ့ အလှ
ခုများကြဘယ်လို
အတွေးပိုနေဆဲ။
တွေးဆဲငေးဆဲ
အလုပ်ဝင်ဘဲလ်(bell)
မြည်သံဆွဲတော့
လျှပ်တပျက်
ကြွေကျလွင့်ဖိတ်
ရွာလွမ်းစိတ်လေး
ပြန်ကောက်ပေးပါ
မတောင်းဆိုပါဘူး။
အဝေးနေတဲ့သား
သိန်းငှက်ရဲ့ တောင်ပံတစုံ
ငှားခွင့်ကြုံရင်
နွေးထွေးတဲ့ အမေ့ရင်ခွင်
ပျံသန်းလာချင်ရဲ့ ။
အို-အမေ
အဝေးရောက်တဲ့သား
လက်ဖ၀ါးယှဉ်ယှက်
နဖူးထက်တင်
ထိငါးအင်နဲ့ 
ရိုသေမာန်ကျိုး
ရှစ်ခိုးလိုက်ပါ၏ အမေ။ ။
အမေနှင့်အမေ ကျန်းမာကြပါစေ၊ တောင်ဆုချွေလိုက်ပါ၏။
မိဘမေတ္တာဖွဲ့လေး ဖတ်ရင်းနဲ့ အိမ်ကမိဘတွေကို ပြန်လွမ်းသွားတယ် ခရီးသည်ရေ..။
ReplyDeleteခင်မင်လေးစားလျှက်
ကိုခရီးသည်ကြီးရေ...
ReplyDeleteအမေကဗျာလေးကို ဖတ်ပြီး အိမ်ကို သတိရသွားမိတယ်...
ဒါနဲ့ ကျနော်က ကိုခရီးသည်ကြီးထင်သလို အင်ကြင်းမျိုးမဟုတ်ပါဘူး (ဆီဗုံးမတွေ့လို့ ဒီထဲမှာပဲ ဖြေပေးခဲ့တာပါ)
ခင်မင်စွာဖြင့်
အင်ကြင်း
သြော်..ဒါနဲ့.လင့်ခ်လေးယူသွားတယ်နော်...ခွင့်ပြုပါဦး
ReplyDeleteခရီးသည်ကြီး ရေးတဲ့ကဗျာဖတ်ပြီးအမေ့ကိုလွမ်းလိုက်တာ
ReplyDeleteတွေးဆဲငေးဆဲ
ReplyDeleteအလုပ်ဝင်ဘဲလ်(bell)
မြည်သံဆွဲတော့
လျှပ်တပျက်
ကြွေကျလွင့်ဖိတ်
ရွာလွမ်းစိတ်လေး
ပြန်ကောက်ပေးပါ
လုပ်ငန်းခွင်မှာသိပ်မတွေးသိပ်မလွမ်းပါနဲ့
ထိခိုက်အနာတရဖြစ်နေပါ့မယ်ရှင်